အပါယ်လေးပါး ...
၁။ငရဲ.................ငရဲထိန်း.ငရဲမီးတို့ဖြင့်အမြဲနှိပ်စက်ခံနေရပြီးဆင်းရဲခြင်းအတိပြီးသောဘုံဌာန
၂။တိရစ္ဆာန်..........မဂ်.ဖိုလ်.နိဗ္ဗာန်..နှင့်ဖီလာဖြစ်နေသောသတ္တဝါတို့၏ဘုံဌာန
၃။ပြိတ္တာ.............စားရမဲ့.ဝတ်ရမဲ့.ခိုကိုးရာမဲ့ဖြစ်နေသောသူတို့၏ဘုံဌာန
၄။အသူရကာယ်...နတ်များကဲ့သို့မရဲရင့်မတောက်ပြောင်ပြိတ္တာများထက်အခြေအနေဆိုး၍အမြဲ
ပူလောင်ဆင်းရဲခံနေရသူများ၏ဘုံဌာန

ကပ်သုံးပါး ...

၁.ဒု ဗ္ဘိက္ခ န္တရကပ်...ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသောခေတ်ကာလ
၂.သတ္တ န္တရကပ်.....စစ်.လက်နက်...ဘေးအန္တာရာယ်ဆိုက်ရောက်နေသောခေတ်ကာလ
၃.ရောဂန္တရကပ်.....အနာရောဂါ.ကူးစက်ရောဂါဘေးဆိုက်ရောက်နေသောခေတ်ကာလ

. . .ကပ်ဆိုက်ပုူံ. . .
၁.သတ္တဝါတို့လောဘတရားကြီးမားလွှမ်းမိုးလာသောအခါဒု ဗ္ဘိက္ခ န္တရကပ်ဆိုက်တတ်သည်
၂.သတ္တဝါတို့ဒေါသတရားကြီးမားလွှမ်းမိုးလာသောအခါသတ္တရကပ်ဆိုက်တတ်သည်
၃.သတ္တဝါတို့မောဟတရားကြီးမားလွှမ်းမိုးလာသောအခါရောဂန္တရကပ်ဆိုက်တတ်သည်။

ရပ်ပြစ်ရှစ်ပါး ...

၁.ငရဲ
၂.တိရစ္ဆာန်
၃.ပြိတ္တာ
၄.လွန်စွာသက်တမ်းရှည်သောအရူပဗြဟ္မာ(နာမ်ခန္ဓာသာရှိ)နှင့်အသညသတ်ဗြဟ္မာ(ရုပ်ခန္ဓာ
သာရှိ)။ ထို့ကြောင့် ဘုရားပွင့်သော်လည်းတရားမနာနှိုင်ကြပေ ။
၅.ပစ္စ န္တရစ်အရပ်သား....တိုင်းစွန်ပြည်ဖျားလမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ဝေါဟာရမပြည့်စုံမ
ကြွယ်ဝသောလူရိုင်းမျိုးနွယ်
၆.မိစ္ဆာဒိဌိ ..... မှားယွင်းသောအယူရှိသူ
၇.ဒုပ္ပည ..... အသိဉာဏ်လူစဉ်မမှီသူ
၈.သာသနာပကာလ ....ဘုရားရှင်၏ဒေသနာတော်ကိုနာကြားခွင့်မရရှိနှိုင်ခြင်း

ရန်သူမျိုးငါးပါး .....
၁.ရေ
၂. မီး
၃. မင်း ( တိုင်းပြည်အုပ်ချုပ်သူ )
၄.ခိုးသူ
၅.အမွေခံဆိုး(မိဘပစ္စည်းဖြုန်းတီး၍မိဘကိုနှိပ်စက်တတ်သည့်သားသမီးဆိုး)

၀ိပ္ပတ္တိတရားလေးပါး

၁.ဂတိ၀ိပ္ပတ္တိ...လားရာဂတိဖောက်ပြန်ပြန်ခြင်း
၂.ဥပဓိ၀ိပ္ပတ္တိ...ရုပ်ဆင်းအင်္ဂါင်္ချို့တဲ့ခြင်း
၃.ကာလဝိပ္ပတ္တိ....ခေတ်ပျက်.ကာလပျက်ခြင်း.တရားဥပဒေဖြင့်အုပ်ချုပ်မှု့ကင်း
မဲ့နေသောအချိန်ကာလ
၄.ပယောဂဝိပ္ပတ္တိ.....လုပ်ဆောင်မှု့မမှန်ကန်ခြင်း.အားထုတ်မှု့မမှန်ကန်ခြင်း.လုပ်မှား
ကိုင်မှားဖြစ်ခြင်း.အပြစ်ကျူးလွန်ခြင်း

ဗျသနတရားငါးပါး

၁.ဉာတိဗျသန....ဆွေမျိုးများပျက်စီးခြင်း
၂.ဘောဂဗျသန.....စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်စီးခြင်း
၃.ရောဂဗျသန.....အနာရောဂါစွဲကပ်နှိပ်စက်ခြင်း
***၄.သီလဗျသန.....အကျင့်သီလပျက်ခြင်း
***၅.ဒိဌိဗျသန.....အယူလွဲမှားခြင်း
***၄ နှင့်***၅..သည်.ယခုဘဝ၌သာမဟုတ်.ဘဝများစွာဆင်းရဲခြင်းသို့ရောက်စေတတ်
ခြင်းကြောင့်ကြောက်ဖွယ်အလွန်ကောင်းပါသည်

မဂ်တရား ...

သောတာပတ္တိမဂ်...သကဒါဂါမိမဂ်...အနာဂါမိမဂ်...အရဟတ္တမဂ်
( လောဘစသောကိလေသာတို့ကိုပယ်၍နိဗ္ဗာန်သို့သွားရောက်ကြောင်းဖြစ်သော
တရားကို...မဂ်...ဟု.ခေါ်သည် )

ဖိုလ်တရား ...

သောတာပတ္တိဖိုလ်.သကဒါဂါမိဖိုလ်.အနာဂါမိဖိုလ်.အရဟတ္တဖိုလ
( မဂ်.၏.တိုက်ရိုက်အကျိုးတရားကို.ဖိုလ်.ဟု.ခေါ်သည် )

နိဗ္ဗာန်တရား ...

အသင်္ခတဓါတ် = ကံ.စိတ်.ဥတု.အဟာရ.အကြောင်းတရားလေးပါးတို့က.ပြုပြင်စီရင်
ခြင််းမရှိသော.ရုပ်နာမ်တရား = တဏှာ.အစရှိသော.ကိလေသာအားလုံး.ဒုက္ခခပ်သိမ်း
တို့၏.ကုန်ဆုံးချုပ်ငြိမ်းရာအမှန်ဖြစ်သောအေးချမ်းသာယာသော.သန္တိသုခ.သဘော.
ကိုခေါ်ပါသည် ။