မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် အတွေးသုံးမျိုးကု်ိ
မတွေးနဲ့တဲ့ ၊ တွေးရင်လူဖြစ်ရကျိုးမနပ် ဖြစ်လိမ့်မယ် ၊ မကောင်း
တဲ့အတွေးသုံးမျိုးကတော့ အဘိဇ္ဈာ ၊ ဗျာပါဒ ၊ မိစ္ဆာဒိဋ္ဌိတဲ့ ။

( ၁ ) အဘိဇ္ဈာ ၊ အဘိဆိုတာ သူတစ်ပါးပစ္စည်းကို ဦးတည်ပြီး
ဇ္ဈာ - ရချင်တဲ့စိတ်နဲ့ စိတ်ကူးတာ ၊ သူတစ်ပါးပစ္စည်းကို ပိုင်ဆိုင်
ချင်တဲ့အတွေးဟာ သူခိုးဓားပြဖြစ်စေတဲ့အတွေး ၊ အဒီအတွေး
ဟာ အန္တရာယ်ရှိတဲ့ အတွေး ၊ အကုသိုလ်အတွေး ၊ မနောဒုစ
ရိုက်လို့ခေါ်တယ် ၊ ဒီအတွေးမျိုး မတွေးသင်ဘူး ၊ ဒီအတွေးကို
ရှောင်ရမယ် ။

( ၂ ) ဗျာပါဒ - ဘာလဲဆိိုရင် ကိုယ်နဲ့မတည့်သူတစ်ယောက်
အပေါ် စိတ်ထဲပေါ်လာတယ် ၊ ဟာ … ဒီကောင်သေသွားရင်
ကောင်းမှာပဲ ၊ စီးပွားပျက်သွားရင် ကောင်းမှာပဲ ၊ ဒုက္ခရောက်
သွား ၊ ထောင်ကျသွားရင် ကောင်းမှာပဲဆိုတဲ့အတွေးတွေ တစ်
ချို့မတွေးကြဘူးလား ၊ အဲဒီအတွေးတွေဟာ ဗျာပါဒအတွေးလို့
ခေါ်တယ် ၊ လူဖြစ်ရကျိုးနပ်စေဖို့ အဲဒီအတွေးမျိုး မတွေးမိစေနဲ့
ရှောင်ရှားဖိုံ လိုတယ် ။

( ၃ ) မိစ္ဆာဒိဋ္ဌိ - မိစ္ဆာာဒိဋ္ဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်
တယ်လို့ မတွေးဘူး ၊ ကောင်းတာလုပ်လည်း ကောင်းတာ
မဖြစ်ပါဘူး ၊ မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တယ် ၊
မကောင်းတာလုပ်တဲ့သူတွေ ကြီးပွားနေတာ ရှိတာပဲ ၊ ကောင်း
တာလုပ်နေတဲ့သူတွေ ဒုက္ခရောက်နေရတာစသညါဖြင့် ကံကို
မျက်စိလည်နေကြတယ် ၊ တကယ်တော့မကောင်းတာလုပ်နေတဲ့
သူတွေကြီးပွားနေတာ တစ်ချိန်တုန်းကကောင်းတာလုပ်ခဲ့လို့
ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုနားလည်ရမယ် ၊ ဟုတ်
တယ်မို့လား ၊ ကိုယ်ကခုမှ ကောင်းတာတွေလုပ်တာ ၊ အကျိုး
မပေးသေးဘူးလား ၊ အခုမှသရက်ပင်စိုက်တာ သရက်သီးစား
ရပါ့မလား ၊ မစားရပါဘူး ၊ ကောင်းတာခုမှလုပ်တာ ၊ မကောင်း
တာတွေနဲ့ကြုံနေရတယ် ၊ အတိတ်ကမကောင်းတာတွေ ဘယ်
လေညက်လုပ်ခဲ့မှန်းမှ မသိတာ ၊ အဲဒါကြောင့် မှန်ကန်တဲ့အ
တွေးမှာ ကံဆိုတာရှိတယ် ၊ ကံကိုငြင်းပယ်တာ အကိရိယဒိဋ္ဌိ
လို့ ခေါ်တယ် ၊ ကံဆိုတာမရှိ ၊ အကုသိုလ်ဆိုတာ မရှိဘူးဆိုပြီး
ငြင်းပယ်တဲ့ဝါဒ ။

နတ္ထိကဒိဋ္ဌိ - ကံရဲ့ အကျိုးတရားကို လက်မခံဘူး ၊ မကောင်းတာ
လုပ်လည်း မကောင်းတာမဖြစ်ဘူး ၊ ကောင်းတာလုပ်လည်း
ကောင်းတာ မဖြစ်ဘူး ၊ အကျိုးတရားကု်ိ ငြင်းပယ်တဲ့အမြင် ။

အဟေတုကဒိဋ္ဌိ - အကြောင်းတရားကို ငြင်းပယ်တဲ့အမြင် ၊
ပေါင်းလိုက်ရင် ကံနှင့် ကံ၏အကျိုးကို ငြင်းပယ်တဲ့သူဟာ
မိစ္ဆာဒိဋ္ဌိအမြင်ရှိသူသာ ဖြစ်တယ် ၊ အဲဒီလို မိစ္ဆာဒိဋ္ဌိအယူရှိသူ
ဟာ ကောင်းရာသုဂတိ မရောက်နိုင်ဘူး ၊ သူသွားရမှာက
အပါယ်လေးဘုံပဲ ၊ ဘာလို့တုန်းဆိုရင် သူက ကံကိုငြင်းပယ်
ထားတော့ သူလုပ်ချင်ရာ လုပ်တော့မှာလေ ၊ လုပ်ချင်ရာလုပ်
လို့ ဆိုတဲ့နေရာမှာ လူတွေက ဘာတွေလုပ်ချင်သလည်းဆို
ရင် မကောင်းတာပဲ လုပ်ချင်ကြတာများတယ်လေ ၊ အတွေးနဲ့
ပတ်သက်ရင် အပေါ်ကအတွေးမျိုး မတွေးကြပါနဲ့ ၊ တွေးမိပြီ
ဆိုရငါ ကိုယ့်သန္တာန်မှာ ကိုယ့်ရဲ့စိတ်အစဉ်မှာ ကိန်းဝပ်သွား
တယ် ၊ ကိန်းဝပ်သွားရင် အကြောင်းရှိတိုင်း ပေါ်လာလိမ့်မယ်
ဒါကြောင့် အဲဒီအတွေးမျိုး မတွေးမိဖို့ သတိထားရမယ် ။

အဲဒီတော့ ဘာတွေးရမှာလည်းဆိုတော့ သူတစ်ပါးပစ္စည်းကို
ရလိုတဲ့အတွေးတွေနဲ့ မတွေးနဲ့တဲ့ ၊ တရားသဖြင့် ရတဲ့ပစ္စည်း
ကိုသာ လိုချင်တဲ့အတွေး ရှိရမယ် ၊ သူတစ်ပါးကို ပျက်စီးစေလို
တဲ့အတွေးနဲ့ မတွေးနဲ့ ၊ ကြီးပွားကြပါစေ ၊ ချမ်းသာကြပါစေ ၊
အစဉ်ပြေကြပါစေဆိုတဲ့ အတွေးကိုသာတွေးပါ ၊ အဲဒါကိုမေတ္တာ
အတွေးလို့ ခေါ်တယ် ၊ ပြီးတော့ မှန်ကန်တဲ့အမြင်နဲ့ မိစ္ဆာအမြင်
ကို ဖယ်ရှားရမယ် ၊ ကမ္မဿ ကတာ သမ္မာဒိဋ္ဌိ - ကိုယ်လုပ်တာ
ကိုယ်ပဲဆိုင်တယ်ဆိုတဲ့အမြင်မျိုး မြင်မယ် ၊ ကောင်းတာလုပ်
လုပ် ၊ ဆိုတာလုပ်လုပ် ငါပဲအမွေခံရမယ်ဆိုတဲ့ အမြင်ရှိပါစေ
တဲ့ ။

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ( ပါချုပ်ဆရာတော် )