၁။ ဗျာဒိတ်ခံယူသောဘဝ -သုမေဓာ ရှင်ရသေ့ဘဝ
၂။ ဗျာဒိတ်ခံယူသောနေ့ -ကဆုန်လပြည့်
၃။ ဗျာဒိတ်ပေးသောဘုရား -ဒီပင်္ကရာဘုရား
၄။ ပါရမီဖြည့်ဖက် -သုမိတ္တာအမျိုးသ္မီး
၅။ ပါရမီဖြည့်ရာကာလ -လေးသချေင်္နှင့်ကမ္ဘာတစ်သိန်း
(သုမေဓာရသေ့ဘဝမှဝေဿန္တရာဘဝအထိ)
၆။ ဖြည့်ခဲ့သောပါရမီ -ဒါနစသော ပါရမီ(၁ဝ)ပါး
၇။ ပါရမီဖြည့်ရခြင်းရည်ရွယ်ချက် -သတ္တဝါများ၏အကျိုးကို ဆောင်ရွက်ရန်
၈။ နောက်ဆုံးစံခဲ့သောနတ်ပြည် -တုသိတာနတ်ပြည်
၉။ နတ်သားအမည် -သေတကေတု မည်သောနတ်သား
၁ဝ။ ဘုရားဖြစ်ရန်တောင်းပန်သူ -နတ်၊ဗြဟ္မာများ ၊
၁၁။ ကြည့်ခြင်း(၅)ပါး -လူ့သက်တမ်း(ကာလ)
ဘုရားဖြစ်ရန်ဇမ္ဗူဒီပကျွန်း(ဒီပ) ဘုရားဖြစ်ရန်အရပ်(ဒေသ)
ဘုရားဖြစ်ရာမျိုးနွယ်(ကုလ)
အမိအသက်အပိုင်းခြား(မာတုအာယုပရိစ္ဆေဒ)
၁၂။ မယ်တော်အိပ်မက် -နတ်မင်းများကအနောဝတတ်အိုင်
သို့သယ်ပြီး ရေချိုးပေး၊ ကျောက်ဖျာ၌အိပ်၊ ဆင်ဖြူတော်ဝင်သည်ဟုမက်
၁၃။ သန္ဓေယူသောနေ့ -မဟာသက္ကရာဇ်(၆၇)
ဝါဆိုလပြည့်၊ ကြာသပတေး
၁၄။ မိဘအမည် -သုဒ္ဓေါဓနနှင့် မာယာဒေဝီ
၁၅။ နေပြည်တော် -ကပိလဝတ်ပြည် (သက္ကတိုင်း)
၁၆။ အမျိုးအနွယ် -သာကီဝင်မင်းမျိုး
၁၇။ ဖွားသောနေ့ -မဟာသက္ကရာဇ် (၆၈)၊ ကဆုန်လပြည့်၊ သောကြာနေ့
၁၈။ ဖွားရာဌာန -လုမ္ဗိနီဥယျာဉ်
(ကပိလဝတ်နှင့် ဒေဝဒဟအကြားရှိ)
၁၉။ ဘုရားဖြစ်မည်ဟုဧကန်ဟောသူ -ကောဏ္ဍညပုဏ္ဏား
၂ဝ။ မိထွေးတော် -ဂေါတမီ
၂၁။ မင်းသားအမည် -သိဒ္ဓတ္ထ
၂၂။ ဖွားဖက်တော်များ -ယသော်ဓရာ၊အာနန္ဒာမင်းသား၊ ဆန္န၊ ကာဠုဒါယီ၊ ကဏ္ဍကမြင်း၊ဗောဓိပင်၊ ရွှေအိုးကြီး(၄)လုံး
၂၃။ ကြင်ယာတော် -ယသောဓရာ (ဘဒ္ဒကဥ္စနာ)
၂၄။ ရင်သွေးတော် -ရာဟုလာ
၂၅။ ယောက်ဖတော် -ဒေဝဒတ်
၂၆။ နန်းစံသောနှစ် -၁၃-နှစ် (၁၆နှစ်မှ ၂၉နှစ်ထိ)
၂၇။ မြင်သောနိမိတ် -သူအို, သူနာ, သူသေ, ရဟန်း။
၂၈။ တောထွက်သောအသက် -(၂၉)နှစ်
၂၉။ တောထွက်သောနေ့ -မဟာသက္ကရာဇ် (၉၇)ဝါဆိုလပြည့်
၃ဝ။ တောထွက်ချိန်ပါသူ -ကဏ္ဍကမြင်းနှင့် ဆန္န
၃၁။ ဖြတ်ကူးသောမြစ် -အနော်မာမြစ်
၃၂။ ပယ်သောအရာ -ဆံတော်နှင့် အဝတ်
၃၃။ ဆံတော်တည်ရာစေတီ -တာာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်
၃၄။ ဝတ်တော်စေတီ -ဗြဟ္မာပြည်ရှိဒုဿစေတီ
၃၅။ သင်္ကန်းပရိက္ခရာလှူသူ -ကဋိကာရဗြဟ္မာ
၃၆။ ဒုက္ကရစရိယကျင့်ရာဌာန -ဥရုဝေဠတော
၃၇။ ဒုက္ကရစရိယကျင့်သောနှစ် - (၆)နှစ်
၃၈။ ဘုရားဖြစ်သောနှစ် -မဟာသက္ကရာဇ် (၁ဝ၃)ခု ကဆုန်လပြည့်နေ့
၃၉။ ဘုရားဖြစ်ချိန်အသက် -'၃၅'နှစ်
၄ဝ။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း -(၁ဝဝ)တမ်း
၄၁။ ဒုက္ကရစရိယကျင့်ချိန်အလုပ်အကျွေး -ပဥ္စဝဂ္ဂီ(၅)ဦး
၄၂။ ဘုရားဘွဲ့တော် -ဂေါတမ
၄၃။ ဃနာနို့ဆွမ်းကပ်လှူသူ -သုဇာတာ အမျိုးသ္မီး
၄၄။ ရွှေခွက်မျှောသောမြစ် -နေရဥ္ဇရာမြစ်
၄၅။ ဗောဓိပင်အသွားမြက်လှူသူ -သောတ္ထိယမြက်ရိတ်သမား
၄၆။ မြက်မှ ဖြစ်သောအရာ -ရွှေပလ္လင်
၄၇။ ရွှေပလ္လင်လာလုသူ -ဝသဝတ္တိနတ်ပြည်နေမာရ်နတ်
၄၈။ ဘုရားဘက်မှ သက်သေပြုသူ -ဝသုန္ဒြေမြေစောင့်နတ်
၄၉။ ဘုရားဦးစွာ ရသောဉာဏ်များ -ပထမယာမ်၌ ပုဗ္ဗေနိဝါသဉာဏ်၊၊ မဇ္ဈိမ
ယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်၊
ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်၊
၅ဝ။ ဓမ္မစကြာဟောသောနေရာ -မိဂဒါဝုန်တော
၅၁။ ဓမ္မစကြာဟောသောနေ့ -၁ဝ၃ ခု၊ ဝါဆိုလပြည့်၊ စနေနေ့
၅၂။ ပထမဦးဆုံးရဟန္တာဖြစ်သူ -ရှင််ကောဏ္ဍည
၅၃။ တရားဦးဟောသည့်နေရာ -ဗာရာဏသီ၊မိဂဒါဝုန်တော
၅၄။ ပထမဆုံးသာဝက -ပဥ္စဝဂ္ဂီ (၅)ဦး
၅၅။ နောက်ဆုံးကျွတ်သောသာဝက -သုဘဒ္ဒပုရိဗိုဇ်
၅၆။ လက်ျာရံ အဂ္ဂသာဝက -အရှင်သာရိပုတ္တရာ
၅၇။ လက်ဝဲရံ အဂ္ဂသာဝက -အရှင်မဟာမောဂ္ဂလာန်
၅၈။ အဆုံးအမ -ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၅၉။ ကျင့်စဉ်သိက္ခာ -သီလ, သမာဓိ, ပညာ
၆ဝ။ နောက်ဆုံးဆွမ်းလှူသူ -စုန္ဒ
၆၂။ ပရိနိဗ္ဗာန်ပြုသောအသက် -သက်တော်(၈ဝ)၊ ၀ါတော်(၄၅)
၆၃။ ပရိနိဗ္ဗာန်စံသောနေ့ -မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့
ဗုဒ္ဓဝင် အကျဉ်းပြီး၏။

@@@ အရှင်စန္ဒဇောတိ(သာသနာနွယ်) ပူဇော်သည်။