အရှင်ဇေယျာပဏ္ဍိတ( ပိုင်းလော့ဆရာတော်) မိုးညှင်းသိ င်္ဂီကျောင်းတိုက် ၏ ခင်ပွန်းကြီး (၁၀) ပါးကန်တော့နည်း ဖြစ်ပါတယ်ခင်ဗျာ။
ဆရာတော်အား ဤစာစုဖြင့် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား........။
ုုု
ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့တိုင်အောင်-
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကို်တော်မြတ်ကြီးတို့၏ အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၏ အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက မဟာ သာဝက ရဟန္တာ အရှင်မြတ်ကြီးတို့၏ အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏ အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့၏ အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့၏ အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိ ဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ် ၊ အရိယာပုဂ္ဂိုလ် တို့၏ အပေါ်၌
* ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌
* ထမင်းတလုပ်၊ ရေတလုပ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ် တို့၏ အပေါ်၌
ကာယကံ ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်း အကျိုး
ငှာ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ဘုရား........။
သို့့ရှိခိုး ပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာ
တို့ကြောင့် အလုံးစုံသော ဘေးရောဂါအ န္တရာယ် အပေါင်းတို့မှကင်းဝေးပြီးလျှင်
မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သစ္စာလေးပါးမြတ်တရား ကိုကောင်းစွာ
သိမြင် ပြီးနိဗ္မ့ာန်သို့ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီ မင်္ဂလာအဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း ၊တောင်းတတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း
အေးချမ်းရပါစေသား အရှင်ဘုရား။

ခင်ပွန်းကြီး (၁၀) ပါး ပူဇော်ရခြင်း၏အကျိုး

၁။ အစားအစာ မရှားပါးခြင်း။
၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။
၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
၄။ လူချစ်လူခင်ပေါများခြင်း။
၅။ ပရိသတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်။
၆။ ကောင်းသတင်းဂုဏ်ကျော်ဇောခြင်း။
၇။ အခြွေအရံ များခြင်း။
၈။ စီးပွားဥစ္စာ ဖွံဖြိုးတိုးတက်ခြင်း။
၉။ ဘေးဒုက္ခကြုံတွေ့ သော် အကူအညီရခြင်း။
၁၀။ သားကောင်းသမီးကောင်း ရရှိနိုင်ခြင်း။

ခင်ပွန်းကြီး (၁၀) ပါးပြစ်မှားမိပါက သင့်တတ်သော ဒဏ်ဆယ်ပါး

သွေးအန်ဖြစ်လွယ် ၊ ရောင်းဝယ်ကုန်ရှုံးခြင်း ၊ ချို့ယွင်းအင်္ဂ ါ
နူနာကုဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊
ကြမ်းတမ်းစွပ်စွဲ ၊ သေကွဲ သားချင်း၊ ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင် ၊ဒုက္ခကောင်သည် ၊ လူ့ဘောင် ဒီဌ
တွေ့ကြုံရ၍ သေကငရဲ ၊ကမ္ဘာစွဲ၏
ဤ ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုဉာဏ်ကိုလည်း တားနိုင်ပါသည်။
ကိုယ်နေအိမ်တွင် မိသားစုများအခါအားလျော်စွာ ကန်တော့ပါ။

ခင်ပွန်းကြီး (၁၀) ပါးကန်တော့ရာတွင်လိုအပ်သာ ဝတ္တုများ

၁။ ဓာတ်တော်တစ်ဆူ ပူဇော်ထားပါ။
၂။ ဖယောင်းတိုင် (၁၀) တိုင်
၃။ သောက်တော်ရည် (၁၀) ခွက်
၄။ သစ်သီး (၁၀) မျိုး
၅။ ဘုရားပန်း (၁) မျိုး တင့်တင့်တယ်တယ် ပူဇော်ထားပါ။
ဤ ဓမ္မဒါန စာစောင်နှင့် စပ်သမျှအားလုံး ကျန်းမာကျပါစေ ။ ရက်တိုတိုနှင့် မဂ်ဖိုလ် နိဗ္မ့ာန်ရောက်ကြပါစေဟူ၍ ရင်တွင်းက လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်မိပါသတည်း။