ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့ အစွဲကိုစွန် ့လွတ်ပစ်တာ။မမျှော်နဲ ့မျှော်ရင်ချော်မှာပဲ။
မျှော်တာကတဏှာ၊အကျိုးပေးမှာက စေတနာ၊စေတနာသန် ့ရှင်းရင် အကျိုးပေးသန် ့ရှင်းမယ်။
ပစ္စည်းလက်ကစွန် ့ချပြီး ငါစွဲကမလွှတ်မိရင် ငါ-ဝတ္ထု-ပုဂ္ဂိုလ်စွဲများကြောင့် ပြိတ္တာခန်းတန်းဝင်ကြရမယ်။

ရောက်ချင် တာကနိဗ္ဗာန်၊ရောက်နေကြတာကတိရစ ္ဆာန်။ကြက်စွဲက ကြက်ထဲပို ့မှာ၊ ဝက်စွဲကဝက်ထဲပို ့မှာ။
တိရစ္ဆာန်မျိုးရယ်လို ့သီးခြားမရှိ။လူတွေထဲက အစွဲမတတ်တဲ့ ပုဂ္ဂိုလ်တွေသွားလိမ့်မယ်။
လူရယ်လို ့လည်းသီးခြားမရှိ၊တိရစ္ဆာန်တွေထဲက အစွဲကုန်လို ့
ကံကြွင်း ကံစ ကုသိုလ်ကံလေးကြောင့် လူလာဖြစ်တာပါ။

စွဲနေတာမှန်သမျှ ပညတ်ပေါ်စွဲနေတာ။ပရမတ် စွဲစရာမရှိဘူး။ကောင်းလည်းကောင်းစွဲစွဲ မကျန်ရစ်စေနဲ ့။
ဆိုးလည်းဆိုးစွဲစွဲ မကျန်ရစ်စေနဲ ့။အမှတ်က လေးနဲ ့သွားရမယ်။
စွဲရင် စွဲတဲ့နေရာငြိနေမှာပေါ့။အစွဲကင်းမှနိဗ္ဗာန်ရောက်မှာ။

အာရုံတွေနဲ ့ခင်မင်စိတ်အားကြီးနေတာ
(ခွေးသေကောင် ပုပ်တွေ ့လို ့ထိုးချင် ဆိတ်ချင်တာ)
လင်းတ စိတ်မပျောက်သေးလို ့။ဘယ်အာ
ရုံ ခံစားခံစားဒုက္ခလွတ်တာမရှိဘူး။
လောကီချမ်းသာမှန်သမျှ ဒုက္ခမှာလမ်းဆုံးတာပဲ။လုပ်ချင် တဲ့အလုပ်လုပ်ပါ။
ခံစားချင် တဲ့အာရုံခံစားပါ။သတိလေးတော့မလွတ်ပါစေနဲ့။
မတောင်းတနဲ ့၊တောင့်တရင် ကြောင့်ကြရမယ်။

အမြဲတမ်းဟောဒီဘက်က တစ်ကျပ်သားလိုချင်စိတ် ရှိရင်ဟောဒီဘက်ကလည်းတစ်ကျပ်သား သောကရှိမယ်။
လိုချင်တဲ့တဏှာကြီးလေ အောက်ကျခံပေါင်းရ လေရှုံးလေပဲ။လိုချင်လေလေ ဘယ်သူမှ မပေးချင်လေလေပဲ၊မလိုချင်ရင် မလိုချင် သလောက်ရတယ်။
(လိုချင်နေ သေးသ ရွေ ့လိုနေမည်သာ၊မလိုမှပိုထွက်လာသည်သာ)

စိတ်ကို အအားမထားနှင့်၊အနားမထားနှင့်၊အချိန်မရွေးတစ်သိထဲသိနေပါ။
မမေ့သော ထိုအမှတ် သတိသည် ကိုယ့်စိတ်ကိုလည်း အစိုးရပြီးသား
ကိလေသာလည်းပယ်ပြီးသား၊သိစရာလည်းသိပြီးသား။

မိမိစိတ်ကိုသတိတည်းဟူသောကြိုးဖြင့်ချည်နှောင်ကာ မိမိကိုယ်နှင့်မကွာအမြဲရှိ နေစေရမည်။
စိတ်ရောက်တဲ့နေရာလေးကိုသတိ ကလေးနဲ ့ကိုယ်သိတဲ့အတိုင်းမှတ်လိုက်ရုံပဲ။
အမှတ်တစ်မှတ်၊မှတ်လို ့အလကားမထင် ပါနဲ ့။ကိလေသာငြိမ်းအေးသွားပြီး
စင်ကြယ်တဲ့စိတ်ကလေးဖြစ်လိုခြေလှမ်းတစ်လှမ်း မဂ်ဖိုလ်တိုးနေပါတယ်။သတိနဲ ့မှတ်နေတာ။
သွားရင်းနဲ ့ကိလေသာသတ်နေတာ။ကိလေသာ ကျားစဉ်းလဲရဲ ့ရန်ကို နွားလိုငုံ ့ခံနေရင်
နောက်ဆုံး အသေနာရုံပဲရှိမယ်။

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)