စိတ်အကြောင်းကိုသိချင်ရင်၊ အာရုံကိုလည်းသိမှဖြစ်မယ်၊ စိတ်ကိုနှစ်မျိုးထပ်ခွဲရင် စိတ်ရယ်၊ ေ

စတသိတ်ရယ် နှစ်မျိုးရတယ်၊ စိတ်ဆိုတာကလဲ
ပါဋ္ဌိစကား“စိတ္တ” ဆိုတာကနေ“တ”တလုံးကိုဖျောက်ပြီး စိတ်လို့မြန်မာမှုပြုတယ်၊ ပါဋ္ဌိလို“စိတ္တ”ဆိုတဲ့စကားကို အဓိပ္ပါယ်ဖွင့်ရရင် အာရုံကိုသိတတ်၊

ကြံစည်တတ်သောကြောင့် စိတ်ဟုခေါ်ပါတယ် စိတ်ဆိုတာ အာရုံကိုသိတတ်တဲ့သဘော၊ အာရုံကိုရယူတတ်တဲ့သဘောဆိုရင် စေတသိတ်ကဘာလဲဆိုတော့“စေတသိကဘဝဏ်”စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာကိုစေတသိတ်လို့ခေါ်တယ်စိတ်မပါဘဲစေတသိတ်ဆိုတာဖြစ်လို့မရဘူး စိတ်၊ စေတသိတ်ပေါင်းစပ်ပြီးတော့မှ “နာမ်” ဆိုတဲ့ဝေါဟာရကိုသုံးတာ၊“ နာမ်”ဆိုတဲ့စကားလုံးဟာ ပါဋ္ဌိလို“နာမ”ဆိုတဲ့ဝေါဟာရကို မြန်မာမှုပြုထားတာဖြစ်တယ် နောက်တခုနာမ်ဆိုတာကိုအဓိပ္ပါယ်ဖွင့်ရရင် အာရုံရှိရာသို့ညွှတ်ကိုင်းခြင်းလို့ဆိုပါတယ်၊

နာမဆိုတဲ့နာမ်ဆိုတာ စိတ်ရယ်၊ စေတသိတ်ရယ်၊ နှစ်ခုပေါင်းထားတာပါ ၊ အဘိဓမ္မာမှာစိတ်ကို(၈၉)မျိုးခွဲခြားထားတယ်၊ စေတသိတ်ကတော့(၅၂)မျိုးခွဲထားတယ်

ဒီတော့စိတ်နဲ့စေတသိတ် နှစ်ခုပေါင်းထားတဲ့“နာမ်”အကြောင်းကိုလေ့လာကြည့်ရအောင် ဥပမာ လူတွေက စိတ်ဆိုးတယ်လို့ပြောလိုက်ရင်တခုထဲ
ထင်ရပေမယ့် ဒီစိတ်ဆိုးတယ်ဆိုတဲ့ နေရာမှာ သဘာဝတရားပေါင်း(၂၂)ခုရှိတယ် ဒီ(၂၂)မျိုးထဲကမှတခုခုကလုပ်တာပါ၊ စိတ်ဆိုးတယ်၊ စိတ်မကောင်းဘူး၊ စိတ်ချမ်းသာလိုက်တာ ဆိုတာ၊ စေတသိတ်တွေနဲ့တွဲပြောနေကြတာပါ၊

“ဗုဒ္ဓအလိုအရစိတ်ဆိုတာ ရှိနေတဲ့အရာမဟုတ်ဘူး
ဖြစ်လာတဲ့အရာပါ” (၀ိသုဒ္ဓိမဂ်) စိတ်ရဲ့အခြေခံ ဝတ္ထုရုပ်(၆)ပါးရှိတယ်......?

(၁)စက္ခုပသာဒ မျက်စိအကြည်မှစိတ်ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၂)သောတပသာဒ အသံကိုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၃)ဂန္ဓာပသာဒ အနံကိိုုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၄)ဇိိဝှါပသာဒ လျှာအရသာကိိုုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၅)ကာယပသာဒ ခန္ဓာကိုယ်ထိ၊သိကိိုုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၆)မနောပသာဒ အတွေးစိတ်၊ကြံစည်တွေးတောခြင်းကိုတော့ ဟာဒယဝတ္ထုလို့ခေါ်ပါတယ်...။

***အာရုံခြောက်ပါး***
==============

စိတ်ရဲ့အခြေခံဝတ္ထုခြောက်ပါးကို လာတိုက်မှာကတော့ အာရုံခြောက်ပါးဖြစ်တယ်၊ အာရုံဆိုတာကလဲ စိတ်ရဲ့ပျော်မွေ့ရာဖြစ်လို့အာရုံလို့ခေါ်တာ
ပါ၊ စိတ်ဖြစ်လိုက်တာနဲကအာရုံဆီရောက်သွားပါတယ် ဒီအာရုံတွေကတော့

(၁)ရူပါရုံ၊
(၂)သဒ္ဒါရုံ၊
(၃)ဂန္ဓာရုံ၊
(၄)ရသာရုံ၊
(၅)ဖောဋ္ဌဗ္ဗာရုံ၊
(၆)ဓမ္မာရုံ
တို့ဖြစ်ပါတယ်၊

(ဒီဓမ္မာရုံဆိုတာကတော့ အာရုံသိစိတ်အားလုံးပေါင်း သိလို့ရတာ၊စိတ်၊ စိတ်ခြင်းသိစိတ်၊ စေတသိတ်တွေ၊ ရုပ်တွေ၊ နိဗ္ဗာန်အထိ
ဓမ္မာရုံမှာပါသွားတယ်)

စိတ်ဖြစ်တာကိုသိချင်ရင်၊ ဒီအာရုံခြောက်ပါးကိုလဲသိထားဖို့လိုအပ်ပါတယ်၊ နောက်တခုကအာရုံနဲ့ဆက်သွယ်တဲ့တံခါးပေါက်
ခြောက်ခုရှိတယ် ဒါကိုဒွါဒ ခြောက်ပေါက်လို့လဲခေါ်တယ်၊ စက္ခုပသာဒရုပ်ကို စက္ခုဒွါဒလို့ခေါ်တယ်၊ သောတပသာဒရုပ်ကိုသောတဒွါဒလို့ခေါ်တယ်၊

ဂန္ဓာပသာဒရုပ်ကိုဂန္ဓာဒွါဒလို့ခေါ်တယ်၊ ဇိဝှါပသာဒရုပ်ကို ဇိဝှါဒွါဒလို့ခေါ်တယ်၊ ကာယပသာဒရုပ်ကိုကာယဒွါဒလို့ခေါ်တယ်၊ မနောဒွါဒကြတော့
ဘဝင်စိတ်လေးလို့ခေါ်ပါတယ်၊ မိခင်ဝမ်းတွင်းစသည်မှ “ဇာတိ”စိတ်ဖြစ်ပြီး တသက်လုံးရှိနေသည့်စိတ်ကို “ဘဝင်”စိတ်ဟုခေါ်ပြီးနောက်ဆုံးဖြစ်တဲ့
စိတ်ကိုတော့“စုတိ”စိတ်လို့ခေါ်ပါတယ်၊ ဘဝင်စိတ်ကတော့ကံအကြောင်းတရားပေါ်မှာဖြစ်ပေါ်လာတာပါ ကံရှိသလောက်ဘဝင်စိတ်ရှိနေပါတယ်
ဝတ္ထုရုပ်(၆)ပါးကိုမှတ်ထားပါ၊ အာရုံ(၆)ပါးကိုမှတ်ထားပါ၊ ဒွါဒ(၆)ပါးကိုမှတ်ထားပါ၊

* မြင်သိစိတ်၊စက္ခုဝိဉာဉ်စိတ် =မျက်စိကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* ကြားသိစိတ်၊သောတဝိဉာဉ်စိတ် =နားကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* နံသိစိတ်၊ ဂန္ဓဝိဉာဉ်စိတ် = နှာခေါင်းကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* အရသာသိစိတ်၊ ဇိဝှါ၀ိဉာဉ်စိတ် =လျှာကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* ကိုယ်သိစိတ်၊ကာယဝိဉာဉ်စိတ် =ခန္ဓာကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* တွေး၊ကြံစိတ်၊မနောဝိဉာဉ်စိတ် =မနကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
ဘဝင်မနကိုမှီတာပါ၊
အဲဒီခြောက်မျိုးဟာ စေတသိတ်တွေနဲ့ပေါင်းပြီး“နာမ်တရား”တွေဖြစ်ပေါ်လာပါတယ်၊ နာမ်တရားဆိုတာ ရှိနေတဲ့တရားမဟုတ်ပါဘူး၊ရုပ်တရားတွေ
ပေါ်မှာမှီပြီးဖြစ်ပေါ်လာတဲ့ နာမ်တရားများသာဖြစ်ပါတယ်၊
***စိတ်ဆိုတာ၊ ဦးဏှောက်မှာရှိတာလား...? နှလုံးသားမှာရှိတာလား...? ရင်ဘတ်ထဲမှာရှိတာလား...? ဆိုတာဒီလောက်ဆို ဓမ္မမိတ်ဆွေ
သဘောပေါက်လောက်ပြီထင်ပါတယ်...။

(ဒေါက်တာ - အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး)
အဘိဓမ္မာ မြတ်ဒေသနာ တရားတော်များမှ

ယခုခေတ်အခါ၌ ရှေးခေတ်အခါများကထက် ဒုလ္လဘရဟန်းခံပွဲများ မြန်မာပြည်တွင် ပို၍ များပြားလာပါသည်။ ဒုလ္လဘဟူသော အမည်နှင့် လျော်ညီစွာ ကျင့်သုံးနေထိုင်ပါက ဒုလ္လဘ ရဟန်းခံပြုသူများလည်း မဂ်ဖိုလ်နိဗ္ဗာန် ရောက်သည် အထိ အကျိုးများကြမည် ဖြစ်ပေသည်။ သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍ တိုးတက်ကြီးပွား အကျိုးများမည် ဖြစ်ပေသည်။ ဒုလ္လဘဟူသောအမည်နှင့် လျော်ညီစွာ ကျင့်သုံး နေထိုင်ခြင်း မရှိပါက မိမိတို့လည်း အပါယ်ငရဲသို့ ကျရောက်သွားသည်အထိ ဆုတ်ယုတ်သွားမည် ဖြစ်ပေသည်။ သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍ ဆုတ်ယုတ်သွားမည် ဖြစ်ပေသည်။ သို့ဖြစ်၍ မိမိအတွက်၊ သာသနာတော်ကြီးအတွက် အကျိုးရှိသော ဒုလ္လဘရဟန်းတော်များဖြစ်အောင် ကျင့်ကြံ အားထုတ်သင့်လှပေသည်။ “ဒုလ္လဘ” ဟူသောအမည်ကို လူအများစုက သိရှိနားလည် သဘောပေါက်နေကြသည်မှာ သာသနာ့ဘောင်သို့ ခေတ္တခဏ ဝင်ရောက်၍ လူပြန်ထွက်ကြမည့် ရဟန်းတော်များ ဖြစ်ကြသည်ဟူ၍ နားလည် သဘောပေါက်နေကြပေသည်။ အမှန်စင်စစ် ဒုလ္လဘဟူသောအမည်သည် နားလည်သဘော ပေါက်ကြသည့်အတိုင်း ခေတ္တခဏ သာသနာ့ဘောင်သို့ ဝင်ရောက်၍ လူပြန်ထွက်ကြမည့် ရဟန်းတော်များဟူ၍ အဓိပ္ပါယ်မရရှိပေ။ “ရခဲသည်ကို ရအောင်ယူသူများ” ဟူ၍ အဓိပ္ပါယ်ရရှိပေသည်။ ဒုလ္လဘ၌ ဒု-က တစ်ပုဒ်၊ လဘ-က တစ်ပုဒ် ဖြစ်ပေသည်။ ❖ဒု-ရနိုင်ခဲသည်ကို၊ ❖လဘ-ရသည် (ဝါ) ရအောင်ယူသည်။ “ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ကို ရအောင် ယူထားသူ” ဟူ၍ အဓိပ္ပါယ် ရရှိပေသည်။ ဒုလဘဟု ပင်ကိုယ်ပုဒ်ရင်းပင် ဖြစ်ပါသော်လည်း သဒ္ဒါ စည်းကမ်းများကြောင့် “ဒုလ္လဘ” ဟု လနှစ်လုံးဆင့် “လ္လ” ဖြစ်နေပါသည်။ ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟူသည် လူဝတ်ကြောင်များအနေဖြင့် မရနိုင်၊မယူနိုင်သည့် (၂၂၇)သွယ်သော သီလသိက္ခာပုဒ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်သော သီလသိက္ခာတို့ကို လိုက်နာကျင့်ကြံ၍ သီလကုသိုလ်များကို ရယူ နိုင်သောကြောင့် ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟု ဆိုလိုပါသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ရဟန်းပြုသူ (၅)မျိုး” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဒုလ္လဘရဟန်းခံခြင်းနှင့်စပ်၍ သာသနာတော်၌ ရဟန်းပြုသူ (၅)မျိုး ရှိသည်ကို သိထားသင့်ပေသည်။ ဒုလ္လဘရဟန်းပြုသူနှင့်တကွ သာသနာတော်၌ ရဟန်းပြုသူ (၅)မျိုးရှိပါသည်။ (၁)။ သဒ္ဓါပဗ္ဗဇိတ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ၊ (၂)။ ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူ၊ (၃)။ ဘယာပဗ္ဗဇိတာ = အပြစ်ဘေးကြောင့် ရဟန်းပြုသူ၊ (၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူ၊ (၅)။ ဒုလ္လဘပဗ္ဗဇိတာ = ရခဲသည့် ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူဟူ၍ (၅)မျိုးရှိပါသည်။ ❖(၁)။ သဒ္ဓါပဗ္ဗဇိတာ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ ဟူသည် - အကြင်သူသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ အကြောင်းကို နာကြားရ၍ ရတနာသုံးပါး၌ ယုံကြည်ခြင်း သဒ္ဓါ - တရားဖြစ်၏။ ထိုသဒ္ဓါတရားကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် သဒ္ဓါပဗ္ဗဇိတ =ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းသည် ရတနာသုံးပါးကို ယုံကြည်လေးစား သောကြောင့် သီလသိက္ခာပုဒ်များကိုလည်း မကျိုး မပေါက်ရအောင် အလေးဂရုပြု၍ စောင့်ထိန်း၏။ ဆရာသမားများနှင့် အတူနေသူ သီတင်းသုံးဖော် တို့ကိုလည်း အလေးပြု၍ နေထိုင်၏။ သံသရာမှ လွတ်မြောက်ကြောင်း ကမ္မဋ္ဌာန်းတရားတို့ကိုလည်း ကြိုးစားအားထုတ်၍ နေတတ်၏။ ဤကဲ့သို့ နေထိုင်ကျင့်သုံးသဖြင့် ကြည်ညိုဖွယ်ဂုဏ်များနှင့် ပြည့်စုံသောကြောင့် သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။ ❖(၂)။ ပညာပဗ္ဗဇိတာ = ပညာကြောင့် ရဟန်းပြုသူ ဟူသည် - အကြင်သူသည် ဗုဒ္ဓ၏ ပိဋကတ်စာပေ ကျမ်းဂန်တို့ကို လေ့လာဖတ်ရှုရ၊ နာကြားရ၍ အသိအလိမ္မာ ဉာဏ်ပညာ တိုးတက်လာသောကြောင့် ရဟန်းပြု၏။ အသိအလိမ္မာ ဉာဏ်ပညာကို အကြောင်း ပြု၍ ရဟန်းပြုသောသူသည် ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းသည် ဗုဒ္ဓ၏ ပိဋကတ်စာပေကျမ်းဂန်တို့ကို သင်ယူတတ်မြောက်ခြင်း၌သာ အလေးပြု၏။ အခြားသာသနာရေးကိစ္စများ၌ အလေးပြုခြင်းမရှိ။ အများနှင့် မဆန့်ကျင်ရုံမျှသာ နေထိုင်လေ့ရှိ၏။ သို့ပါသော်လည်း ပိဋကတ်စာပေကျမ်းဂန်များ ပြည့်စုံစွာ သင်ကြားတတ်မြောက်ပြီးသောအခါ သဒ္ဓါနှင့်ပညာ နှစ်ပါးစုံ ပြည့်စုံလာသဖြင့် သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။ ❖(၃)။ ဘယာပဗ္ဗဇိတာ = အပြစ်ဘေးကြောင့် ရဟန်းပြုသူ ဟူသည် - အကြင်သူသည် ရာဇဝတ်ဘေးစသော တစ်စုံတစ်ရာသော အပြစ်ဘေးကြောင့်သော်လည်းကောင်း၊ စားဝတ်နေရေး မပြေလည်၍သော်လည်းကောင်း ရဟန်းပြု၏။ ထိုအပြစ်ဘေး နှင့် မပြေလည်ခြင်းကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် ဘယာပဗ္ဗဇိတ= အပြစ်ဘေးကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းမျိုးသည် များသောအားဖြင့် ဆရာသမားကောင်းများထံ၌ စနစ်တကျလည်းမနေလိုပေ။ ကြည်ညိုဖွယ်ကို ဆောင်နိုင်သော သီလသိက္ခာပုဒ်များ ကိုလည်း စောင့်ထိန်းခြင်း မရှိပေ။ အရပ်လေးမျက်နှာ လှည့်လည်တောင်းခံကာ သာသနာတော်၏ ဂုဏ်ကျက်သရေတို့ကို ဖျက်ဆီးနေသော ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။ ❖(၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူဟူသည် - အကြင်သူသည် ငယ်စဉ်အခါကတည်းက ရှင်သာမဏေပြုလုပ်၍ အသက်နှစ်ဆယ်ပြည့်လျှင် မိရိုးဖလာ ထုံးစံအတိုင်းရဟန်းပြု၏။ ထိုမိရိုးဖလာ ထုံးတမ်းစဉ်လာကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းမျိုးကို ယခုခေတ်အခါ၌ “ငယ်ဖြူရဟန်း”ဟု ခေါ်ဝေါ်ကြကုန်၏။ ထိုရဟန်းသည် ဆရာသမားကောင်း များ၏ ဩဝါဒကို ခံယူ၍ ပညာသင်ကြားတတ်မြောက်ပါက ယုံကြည်ခြင်း သဒ္ဓါတရားနှင့်လည်း ပြည့်စုံ လာတတ်ပေသည်။ သဒ္ဓါနှင့်ပညာ ပြည့်စုံလာသောအခါ သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် သာသနာ့ အာဇာနည် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။ ❖(၅)။ ဒုလ္လဘပဗ္ဗဇိတာ = ရခဲသည့်ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူဟူသည်- သာသနာ့ဘောင်၌ အမြဲပင် မနေနိုင်ငြားသော်လည်း ရခဲသော ရဟန်းအဖြစ်ကို ရယူမည်။ နောက် နောင်ဘဝများအတွက် အထုံပါရမီ ကုသိုလ်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်း၍ ရဟန်းပြု၏။ ထိုရခဲသော ရဟန်းအဖြစ်ကို ရလိုခြင်းကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် ဒုလ္လဘာပဗ္ဗဇိတ = ရခဲသည့် ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူမည်၏။ ➢အကြင် ဒုလ္လဘရဟန်းတော်တို့သည် (၂၂၇)သွယ်သော သီလ သိက္ခာပုဒ်တို့ကို စောင့်ထိန်းခြင်းလည်း မရှိ။ ဆရာသမားများ၏ ဆုံးမဩဝါဒတို့ကိုလည်း ရိုရိုသေသေ လိုက်နာကျင့်ကြံခြင်းလည်း မရှိ။ သာသနာတော်၏ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်း(၄)ပါးတို့ကို စားကာ၊ သောက်ကာဖြင့် ပျော်ပျော်နေထိုင်ကြကုန်၏။ ထိုဒုလ္လဘ ရဟန်းတော်တို့သည် ဒုလ္လဘ ဟူသော အမည်နှင့် မလျော်ညီ။အာပတ်ကြီးငယ်များလည်း သင့်နေမည်ဖြစ်၍ “အပါယ်ငရဲ”သို့ ကျရောက်သွားသည် အထိ ဆုတ်ယုတ်သွားကြမည် ဖြစ်ပေသည်။ ➢အကြင် ဒုလ္လဘရဟန်းတော်တို့သည် ဒုလ္လဘ ဟူသောအမည်နှင့် လျော်ညီစွာ လူ့ဘဝ၌ မရနိုင်၊ မစောင့်ထိန်းနိုင်သော (၂၂၇)သွယ်သော သီလသိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်း၏။ ဆရာသမားကောင်းတို့၏ အဆုံးအမဩဝါဒများကို ရိုရိုသေသေ လိုက်နာ၍ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံအောင် နေထိုင်၏။ ထိုဒုလ္လဘ ရဟန်းတော်တို့သည် မိမိတို့၏ ပါရမီ အားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြသည် အထိ အကျိုးများကြမည် ဖြစ်ပေသည်။ ပါရမီနုသေး၍ မဂ်ဖိုလ်နိဗ္ဗာန်သို့ မရောက်သေး ငြားသော်လည်း နောက်နောင်ဘဝ၊ နောက်နောင်သော ဘုရားရှင်တို့၏ သာသနာတော်၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြ၍ နိဗ္ဗာန်သို့ ရောက်သွားကြရမည် ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သတ္တာဟပဗ္ဗဇိတမထေရ်” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးကောင်းသား တစ်ယောက်သည် ဆွေမျိုးဉာတိများ ပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာများ ပျက်စီးခြင်းတို့ကြောင့် ဝိပဿီမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလေ၏။ ထိုအမျိုးကောင်းသားရဟန်းသည် ရဟန်း တရားတို့ကို ကြိုးစား၍ အားထုတ်၏။ (၇)ရက်ပြည့်သည်ရှိသော် စိတ်ဆင်းရဲခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ငြိမ်းအေးသွားလေ၏။ ထိုအခါ ရဟန်းဘဝမှထွက်၍ လူဝတ်လဲသွားလေ၏။ လူ့ဘဝမှာ နေထိုင်ပြီး သက်တမ်းကုန်၍ ကွယ်လွန် စုတေသွားသောအခါ (၉၁)ကမ္ဘာပတ်လုံး အပါယ်(၄)ပါးသို့ မကျရောက်ပါဘဲ ဂေါတမမြတ်စွာဘုရားပွင့်တော် မူသောအခါ ဝိပဿီမြတ်စွာဘုရား လက်ထက်တော် အခါက (၇)ရက် ရဟန်းပြုခဲ့ဖူးသော အထုံပါရမီ ကုသိုလ်တို့ကြောင့် ပဋိသမ္ဘိဒါ(၄)ပါး၊ အဘိညာဉ်(၆)ပါး ရရှိသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ရလေ၏။ “သတ္တာဟပဗ္ဗဇိတမထေရ်” ဟု ထင်ရှား လေ၏။ သို့ဖြစ်၍ ဒုလ္လဘရဟန်းတော်တို့သည် ရခဲသည့် ရဟန်း အဖြစ်ကို ရအောင်ယူသူ (ဒုလ္လဘ)ဟူသော အမည်နှင့် လျော်ညီစွာ နေထိုင်ပါက ရဟန္တာဖြစ်၍ နိဗ္ဗာန်သို့ ရောက်သွားရသည်အထိ အကျိုးများကြမည် ဖြစ်ပါသည်။။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-

Cheap Offers: http://bit.ly/gadgets_cheap