ကိုယ်ဖြစ်ချင်တာတွေသာ ရှေ့တန်းတင်ရင်
ကိုယ့်အတွက်တော့ အဆင်ပြေသလို ထင်ရပေမယ့်
အများနဲ့ အဆင်ပြေဖို့ မလွယ်ပါဘူး..

ကိုယ့်ကိုကောင်းစေချင်လို့ ပြောမယ့်သူက
ကောင်းစေချင်တဲ့ စိတ်ရင်းနဲ့ ပွင့်ပွင့်လင်းလင်း ထောက်ပြရင်
နာခံမယ့်သူကလည်း နားလည်မှုနဲ့ လက်ခံပေးပါ..
မှားနေရင် ပြင်လိုက် ကောင်းနေရင် ဆက်လုပ်..
အထင်သေးခံရတယ် မထင်ပါနဲ့..
သူ့စေတနာကို အထင်မှားပြီး ကိုယ်ကလက်မခံရင်
ကိုယ့်အပေါ်ကောင်းစေချင်သူတွေ မရနိုင်တော့ဘူး..
အရူးဘုံမြှောက်တွေပဲ ဝိုင်းနေတော့မယ်..

ကိုယ့်အပေါ် ကောင်းတဲ့သူတွေက
ကိုယ့်ကို အပြစ်မြင်လို့ အပြစ်တင်လာကြပြီဆိုရင်
ကိုယ်တစ်ခုခုတော့ မှားနေပြီ
ဒါမှမဟုတ် တစ်ခုခုတော့ လွဲနေပြီ
ဒါမှမဟုတ် တစ်ခုခုတော့ ပိုနေလိုနေပြီ
ကြည့်ရင် သိပါတယ် အပြစ်တင်ခံဝံ့ပါစေ..

ဒါပေမယ့် တော်တော်များများဟာ
ကိုယ့်ကို အသိပေး ဆုံးမပေးမယ့်သူကိုတော့ မရှာပဲ
ကိုယ့်စကား နားထောင်မယ့်သူကိုပဲ ရှာနေကြတာက ခက်တယ်..။

ဓမ္မဒူတ Dr.အရှင်ဆေကိန္ဒ