အရှင်ဘုရား၊ ဆောင်းပါးရှင်တဦး ရေးသားထားသည်မှာ ဗုဒ္ဓမြတ်စွာ မဟာသမယသုတ်တော်ကို ဟောကြားရာတွင် နာကြားရသော နတ်ဗြဟ္မာများ သုတ်တော်၏အဆုံး၌ ကုဋေတသိန်းခန့် ရဟန္တာဖြစ်သည်ဟု ပါရှိပါသည်။ နတ်ဗြဟ္မာများ ရဟန္တာ ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားပေးတော်မူပါဘုရား။
( ဦးသာဆင်-ရေကြည်မြို့၊ ဧရာဝတီတိုင်း )


( ဖြေ )
ဣတိ-ဤသို့၊ ဒေသနာပရိယောသာနေ-ဤမဟာသမယသုတ်ကို ဟောတော်မူပြီးသော အဆုံး၌၊ ကောဋိသတ သဟဿဒေဝတာ-ကုဋေတသိန်းသော နတ်ဗြဟ္မာတို့သည်။ အရတ္တံ-အရဟတ္တဖိုလ်သို့၊ ၀ါ-ရဟန္တာအဖြစ်သို့။ ပတ္တာ-ရောက်ကြကုန်၏။ သောတာပန္နာဒီနံ-သောတာပန်, သကဒါဂါမ်, အနာဂါမ်, ဖြစ်ကုန်သော နတ်ဗြဟ္မာတို့၏။ ဂဏနာ-အရေအတွက်သည်။ နတ္ထိ-မရှိ။ ဟု ၄င်းသုတ်အဋ္ဌကထာ၌ ဆိုထားပါသည်။

နတ်ဗြဟ္မာတို့သည် ရဟန္တာ ဖြစ်နိုင်ကြပါသည်။ စတုမဟာရာဇ်မှစ၍ ဝသဝတ္တီအထိ နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့သည် သောတာပန်, သကဒါဂါမ်, အဖြစ်ဖြင့် နေနိုင်ကြ၍ အနာဂါမ်ဖြစ်လျှင် ထိုနတ်ဘုံတို့မှ စုတေပြီး အထက်ဗြဟ္မာ့ဘုံ ( သုဒ္ဓါ၀ါသဘုံ ) တို့သို့ ရောက်ကြရပါသည်။ ထို့ကြောင့် နတ်ပြည်၌ ရဟန္တာဖြစ်လျှင် ဗြဟ္မာ့ပြည်သို့ ပြောင်းကြရကြောင်း မှတ်သားသင့်ပါသည်။

 

Add this article

Last Updated (Monday, 15 November 2010 11:31)