( မေး ) ( အလှူခံ ယူခြင်း )
အရှင်ဘုရား၊ ဘုရားတည်၊ ကျောင်းဆောက်၊ လှူခံကောက်သူ၊ ခိုင်ထောက်နှုန်းစား၊ ယူခြင်းများမှာ၊ ဘုရားကျောင်းငွေ၊ စားသောက်လေ၍၊ ပြစ်နေ ရှိ-မရှိ၊ သိလိုဘိ၏၊ ဖြေညှိရှင်းတော်မူပါ့ဘုရား။
( ကိုကျော်မြင့်(ရွှေ) နတ်တလင်းမြို့ )

( ဖြေ )
ကျောင်းဘုရားကို၊ တည်ဆောက်လို၍၊ ထိုထိုဆောက်ဦး၊ ဆည်းပူးယူနှင့်၊ ပြုသူလက်ခ၊ ကုန်အကျပါ၊ ဘယ်မျှသိန်းသန်း၊ ကိန်းဂဏန်းဟု၊ တွက်မှန်းပြောကြ၊ မှတ်သားရသို့၊ မူလအလှူခံ၊ လုပ်အားမှန်ကို၊ ထိုက်တန်သမျှ၊ ကုန်အကျဝယ်၊ မှတ်ရစာရင်း၊ ခိုင်နှုန်းရှင်း၍၊ ပေးခြင်းကိုပါ၊ တူမှတ်ရာ၏၊