ဆရာတော်ဘုရား၊ ယခုခေတ် ကိုရင် ဦးပဉ္ဇင်းများသည် အံသကိုက်ခေါ် ချွေးခံအင်္ကျီများကို ၀တ်ကြပါသည်၊ ပရိက္ခရာဆိုင်တိုင်းတွင်လည်း ချုပ်၍ ရောင်းကြပါသည်၊ အများအားဖြင့် ဆရာတော်ကြီးများသည် ထိုအံသကိုက်ကို ၀တ်ကြသည်ကို မနှစ်သက်ကြပါ၊ ၀ိနည်းတော်အရ အပ်-မအပ် ဖြေကြားတောာ်မူပါ ဆရာတော်ဘုရား။
( ဦးသုမန-ပါဠိဗိမာန်ကျောင်းတိုက်၊ ပဲခူးမြို့ )


( ဖြေ )
အဋ္ဌကထာ၌ အံသကာသာဝ (အံသကိုက်) ကို ချွေးအထွက်လွန်သူတို့ အရုံသင်္ကန်းတို့ကို ချွေးစွန်းခြင်း၊ နံစော်ခြင်းမှ ကာကွယ်ရန် ရံခါကိုယ်ကိုပတ်၍ ၀တ်ဆင်ရန် ခွင့်ပြုသည်၊ အနံ တထွာ၊ အလျား သုံးတောင်မျှ အဓိဋ္ဌာန်မတင်လောက်သော သင်္ကန်းငယ်၊ လက်ဝဲဖက်ပုခုံးနှင့် ရင်ဝမ်းလုံရုံ ပတ်ဝတ်ရသည့်အ၀တ်ကို တိစိဝရဂိတ် ဓူတင်ဆောင်များပင် အပ်သည်ဟု ခွင့်ပြုထားပေသည်၊

ယခုခေတ်တွင် ချုပ်၍ ကိုယ်ကျပ်အင်္ကျီပမာ ၀တ်ဆင်ကြသည်ကို ၀ိနည်းလေးစားသော ဆရာတော်များ မနှစ်သက်သည်မှာ မှန်ပါသည်၊ ၀ိနည်းတော်အရ ၀တ်ရန်လည်း မအပ်ပါ၊ ၀တ်လိုက ဖော်ပြပါ အလျား အနံ ရှိသော အံသကာသာဝကို ပြုလုပ် အသုံးပြုသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။