ဆရာတော်ဘုရား၊ မေတ္တသုတ်ပရိတ်တော်တွင် ယေကေစိ ပါဏဘူတတ္တိ-အစရှိသော အပိုဒ်တွင် မြန်မာအနက်ပြန်ရာ၌ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော ထွက်သက်-၀င်သက်ရှိ သတ္တ၀ါ၊ ထွက်သက်-၀င်သက် မဲ့ သတ္တ၀ါ-ဟု ဖော်ပြထားရာ ထွက်သက် ၀င်သက်မဲ့ သတ္တ၀ါနှင့် ပတ်သက်၍ မရှင်းလင်းပါသဖြင့် ရှင်းလင်းဖြေကြား ပေးတော်မူပါဘုရား။
( မတင်မြ-မော်လမြိုင်မြို့ )


( ဖြေ )
သုံးဆယ့်တဘုံရှိရာတွင် အပါယ် ၄-ဘုံနှင့် လူ့ ၁-ဘုံ၊ နတ် ၆-ဘုံ ဟူသော ကာမ ၁၁-ဘုံသားတို့သည် ထွက်သက် ၀င်သက်ရှိ သတ္တ၀ါတို့ဖြစ်ကြသည်။

ရူပ ၁၆-ဘုံနှင့် အရူပ ၄-ဘုံ ဟူသော ဗြဟ္မာ ၂၀-တို့သည် ထွက်သက် ၀င်သက်မဲ့ သတ္တ၀ါတို့ ဖြစ်ကြပါသည်။

( ရူပ ၁၆-ဘုံရှိ သတ္တ၀ါတို့သည် အဘယ့်ကြောင့် ထွက်သက် ၀င်သက် မရှိသနည်းဆိုသော် ကဗဠီကာရ အာဟာရ-ဟူသော အာဟာရစားသောက်ရခြင်း မရှိသောကြောင့် မရှိ-ဟု ကျမ်းဂန်တို့တွင် ဆို၏။
အရူပ ၄-ဘုံရှိ သတ္တ၀ါတို့ကား ရုပ်တရားပင် လုံးဝမရှိသဖြင့် ထွက်သက် ၀င်သက် မရှိ ဖြစ်ရလေသည်။ )