ဆရာတော်ဘုရား ရဟန်းခံရာသိမ်အတွင်း ပါရာဇိကကျပြီးသော ရဟန်းတပါးပါး ပါနေက ရဟန်းလောင်း ရဟန်းမဖြစ်ဟု အချို့ဆိုကြပါသည်၊ အချို့ကလည်း ကျသောရဟန်းနှင့် မကျသောရဟန်း ထက်ဝက်စီညီမျှလျှင် ရဟန်းဖြစ်၏ဟု ဆိုကြပြန်ပါသည်၊ ထိုအချက်ကို ရှင်းလင်းဖြေကြားပေးပါဘုရား။
( ရှင်ဝိစိတ္တ-ကြို့ဝန်းရွာ )


( ဖြေ )
ပါရာဇိကကျသောရဟန်း၌ သံသယမကင်းသော်လည်း ရဟန်းမဟုတ်ဟု အမှန်မဆိုနိုင်သောကြောင့်၎င်း၊
ရဟန်းမဟုတ်သော်လည်း ရဟန်းဟု ၀န်ခံချက်ရှိသောကြောင့်၎င်း၊ ရဟန်းဟူသော အမှတ်သညာဖြင့် ကံဆောင်နိုင်မူ အာပတ်လည်း မသင့်၊ ကံလည်း မပျက်၊

အထူးအားဖြင့် ဥပသမ္ပဒ ရဟန်းခံကံပြုရာ၌ ထိုပါရာဇိကကျပြီးသော ရဟန်းမှတပါး အခြားရဟန်းသံဃာသည် ငါးပါးထက်ပိုလွန်မူ ထိုတပါးတည်းသော ပါရာဇိကရဟန်းက ပြုလုပ်သောကံကို မဖျက်နိုင်ပေ။ ထို့ပြင် ပါရာဇိကကျသောရဟန်းသည် ရဟန်းအသွင်ကို မစွန့်သေးက ရဟန်းပင်ဖြစ်၍ သံဃာ့ကံများ၌ ပါဝင်ခွင့်ရှိနေသေးသည်ဟု ဆိုပါသည်၊

ထို့ကြောင့် ပါရာဇိက ရဟန်း တပါးတလေ ပါသော်လည်း ပါရာဇိက မကျသောရဟန်း ၅-ပါးအထက် အလွန်ရှိလျှင် ရဟန်းလောင်း ရဟန်းဖြစ်နိုင်ပါသည်၊ သို့ဖြစ်၍ ရဟန်းခံကံဆောင်ရာတွင် ရဟန်း ၁၀-ပါးစသည်ထက် အလွန်ပင် ဆောင်ကြသည်ကို တွေ့နိုင်ပါသည်။( ၀ိမတိ-ဋီ-၁၊ ၁၅၆၊ ၁၅၇ )