အရှင်ဘုရား ကျန်းမာရေးဂျာနယ်တစောင်တွယ် ဖော်ပြထားသော ဖြစ်ရပ်တခုဖြစ်ပါသည်၊
ဆိုင်ကယ်အတိုက်ခံရသော ကလေးတဦး ဆေးရုံသို့ အချိန်မီရောက်လာပါသည်၊
သို့သော် တာဝန်ကျသူများက အရေးပေါ် ကယ်ဆယ်ရေးကိစ္စများ အချိန်မီ မဆောင်ရွက်နိုင်သဖြင့် ကလေး သေဆုံးခဲ့ရပါသည်၊ ထိုအတွက် တာဝန်ကျပုဂ္ဂိုလ်များ ပါဏာတိပါတကံ ထိုက်-မထိုက် သိလိုပါသည်ဘုရား။
( ဦးကျော်ကြီး-ကယားရိုးမ )


( ဖြေ )
ပါဏာတိပါတကံ မထိုက်ပါ။
သို့သော် တာဝန်ကျသူများသည် မိမိတို့တာဝန်အရ အချိန်မီ မဆောင်ရွက်နိုင်မှုကြောင့် လူ့အသက်တချောင်း ဆုံးရှုံးသွားရခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းသောကိစ္စ ဖြစ်ပါသည်