(မေး) အရှင်ဘုရား၊ ယခုခေတ် ရဟန်းသံဃာတော်များနှင့် ရတနာသုံးပါးတွင် ပါဝင်သော သံဃာတော်များသည် မည်သို့ ထူးခြားပါသနည်း။

(ဖြေ)
ရတနာသုံးပါးတွင်ပါဝင်သော သံဃံ သရဏံ ဂစ္ဆာမိ-ဟု သရဏဂုံ ဆောက်တည်ရာ၌ အာရုံပြုရသော သံဃာသည် အရိယာဖြစ်ပြီးသော ပရမတ္ထသံဃာ (အစစ်အမှန်၊ မဖောက်ပြန်နိုင်သော သံဃာ) တည်း။
ယခုခေတ်၌လည်း အရိယာအစစ်ဖြစ်လျှင် ထိုရတနာဝင် ပရမတ္ထသံဃာပင် ဖြစ်၏။
အရိယာမဖြစ်သေးသော သံဃာဟူသမျှကို သမ္မုတိသံဃာ-ဟုခေါ်၏။
အရိယာသံဃာအစစ်နှင့် ၀ိနည်းသိက္ခာချင်းမှစ၍ အရာရာတူသောကြောင့် သံဃာဟူ၍ သမုတ်အပ်သော သံဃာတော်-ဟု ဆိုလိုသည်။
ဥပမာ-သက်တော်ထင်ရှား ဘုရားအစစ်နှင့် ရုပ်တု၊ ဆင်းတုတော်ဘုရားတို့ ကွဲပြားသကဲ့သို့တည်း။