အရှင်ဘုရား၊ ဘုရားပွဲကျင်းပခြင်းကြောင့် မည်သို့အကျိုးရှိပါသနည်း။ ဘုရားပွဲကျင်းပခြင်း အစဉ်အလာသည် မည်သည့်လက်ထက်မှ ဆင်းသက်လာပါသနည်း။

(ဖြေ)
ဘုရားပွဲ ကျင်းပခြင်းကြောင့် (ဘုရားဂုဏ်တော်ကို အာရုံပြုလိုသူမှာ) အကျိုးမထူးပါ။ ကျမ်းစာတို့၌ ဘုရားဖူးသွားလိုသော ရဟန်းသည် ဘုရားပွဲအချိန်၌ သွားခြင်းငှာ မသင့်လျော်ဟုပင် တားမြစ်ပါသည်။
ကျမ်းစာ၌ ဘုရားပူဇော်ပွဲများ ပါရှိသောကြောင့် ဘုရားပွဲအစဉ်အလာသည် အလွန်ရှေးကျသော အခါကပင် ဖြစ်ပေါ်လာခဲ့ဟန်တူသည်။ သို့သော် ယခုခေတ်ကဲ့သို့ ဘုရားဝင်းအတွင်း၌ အငှားကပွဲများ ကျင်းပခြင်း၊ ကာလ သားသမီးတို့ အလွန်အကျူး သောင်းကျန်းခြင်းတို့ကား ရှိခဲ့မည်မဟုတ်ပါ။ ယခုခေတ်ဘုရားပွဲများ၌ ကုသိုလ်ဖြစ်ဖို့ထက် အကုသိုလ်ဖြစ်ဖို့က များနေပါသည်။