အရှင်ဘုရား၊ ရဟန်းတော်များသည် အလှူခံရရှိထားသော မိမိပိုင်ပစ္စည်းကို လူပုဂ္ဂိုလ်နှင့်၎င်း၊ ရဟန်းအချင်းချင်းထံမှ၎င်း ပစ္စည်းချင်း လဲလှယ်ယူနိုင်ပါသလား။

(ဖြေ)
ပစ္စည်းချင်း လဲကောင်း၏။ သို့သော် လူနဲ့လဲရာ၌ ကိုယ်တိုင် မလဲကောင်း။ အခြားလူတယောက်ကိုသာ အလဲခိုင်း ရသည်။
ဥပမာ-ဈေးသို့သွား၍ မိမိသင်္ကန်းဖြင့် ဈေးသည်၏ သပိတ်ကို လဲလိုလျှင် ဈေးသည်မှတပါး အခြားသူ တယောက်ကို ဒီသင်္ကန်းဖြင့် ဟိုသပိတ် လဲပေးပါ-ဟုပြောရသည်။ ထိုသို့ ကြားလူမှာမရလျှင်လည်း ငါ့မှာ သင်္ကန်းတော့ရှိ၏။ သပိတ်လိုနေသည်။ သင်္ကန်းဖြင့် သပိတ်ကို အလိုရှိသည်-ဟု ပြောရမည်။ ထိုအခါ ဈေးသည်က သူ့ဘာသာ သင်္ကန်းကိုယူ၍ သပိတ်ပေးလျှင်လည်း ၀ိနည်းအပြစ်ကင်း၏။ ရဟန်းသာမဏေတို့နှင့်ကား ကိုယ်တိုင်ပင် လဲကောင်းပါသည်။