အရှင်ဘုရား၊ ရဟန်းတော်သည် ဒကာ ဒကာမနှင့် ထိုသူများ၏ သားသမီးအိမ်ထောင်ရေးတွင် စေ့စပ်ကြောင်းလမ်းပေးခြင်း၊ အိမ်ထောင်ကွဲရာတွင် အသိသက်သေ ပါဝင်ခြင်း ပြုနိုင်ပါသလား။

(ဖြေ)
ရဟန်းတော်များသည် အိမ်ထောင်ရေးတွင် စေ့စပ်ကြောင်းလမ်းပေးခြင်း (အောင်သွယ်လုပ်ခြင်း) မပြုနိုင်ပါ။ ကွဲနေရာ၌ကား (အကယ်ကွာရှင်းပြီး မဟုတ်သေးလျှင်) စေ့စပ်ပေးနိုင်ပါ၏။ အသိသက်သေအဖြစ် ပါဝင်မှုကား စီးပွားရေးနှင့်စပ်လျှင် မသင့်လျှော်ပါ။ နှစ်ဖက်လုံး အကျိုးရှိပါမူ ပါဝင်နိုင်ပါ၏။
(အခါတပါး၌ ကောသလမင်းနှင့် မလ္လိကာမိဖုရားတို့ စိတ်ဝမ်းကွဲနေရာ ဘုရားရှင်ကြွတော်မူ၍ သောတ္ထိသေနသမ္ဗူလဇာတ်ကိုဟောမှ နှစ်ယောက်လုံး သင့်မြတ်သွားကြလေသည်)။