သဗ္ဗညုတ ဗုဒ္ဓဘုရားစင်စစ်ဖြစ်တော်မူရန်အတွက် ဘုရားဖြစ်တော်မူကြောင်း ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူရပါတယ်။လောကီနယ်ပယ်တွင် လည်း ဘီအေ၊ ဘီအက်စီ စသည့်ဘွဲတစ်ခုကို ရရှိရန်အတွက် မူလတန်းမှနေ၍ နောက်ဆုံး ဘွဲ့ရသည့်အထိ ဘွဲရကြောင်း အလုပ်တွေကို လုပ်ဆောင်ကြရပါတယ်။ ဘာအတန်းပညာကိုမှ တက်ရောက်သင်ကြားခြင်းမရှိဘဲနဲ့တော့ ဘယ်လိုမှ အစစ်အအမှန် ဘွဲတစ်တခုကို မရရှိနိုင်ပါဘူး။ထို့အတူပင် လောက သုံးပါးတွင် အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတညဏ်ရှင် ဘုရားရှင်၏အဖြစ်ကို ဘုရားဖြစ်ကြောင်အကျင့်ကောင်းများကို ဆည်းပူး ပြုကျင့် အားထုပ်မထားဘဲနဲ့တော့ ဘွားခနဲ ဘုရားဆိုပြီးတော့ ပေါ်ပေါက်လာလို့မရပါဘူး။ ထို့ကြောင့် ဘုရားဖြစ်တော်မူရန် အကျင့်ကောင်းများစွာတို့ထဲမှ ဘုရားအလောင်းတော် ဖြည့်ကျင်တော်မူခဲ့ရတဲ့ ပါရမီ ဆယ်ပါး အပြား သုံဆယ်ကို အနည်ငယ် နာလည်ယုံမှ အကျဉ်းအားဖြင့်ဖော်ပြပေးသွားပါမည်။

`ဒါန.သီလ. နေက္ခမ္မ၊ ပညာ.၀ီရိ ခန္တီ. သစ္စ.ဓိဋ္ဌာန၊ မေတ္တ.ဥပေက္ခာ။

ဟူသော ပါရမီတော် ဆယ်ပါးတို့ကို ဘုရားအလောင်းတော်မြတ်တို့သည်၊မိမိရဲ့ ကိုယ်ပိုင်ညဏ်ဖြင့် တစုံတစ်ယောက်ရဲ့ နည်းပေးလမ်းပြခြင်းမရှိပဲ ၊ သဗ္ဗညုတဘုရားစင်စစ်ဖြစ်ရန် ဖြည့်ကျင့် ဆည်းပူးရမည့် ထိုပါရမီတော် ဆယ်ပါးတို့ကို ဆင်ခြင်သိရှိ သိမြင်တော်မူပါတယ်။ ထိုပါရမီတော် ဆယ်ပါးတို့ကို ဒါန၊သီလ စသည်ဖြင့် အစဉ်အတိုင်းစီစဉ်ထားခြင်းမှာ ပါရမီတော်ဖြည့်ကျင့်ရာတွင် လွယ်ကူသောအကျင့်မှ ခက်ခဲသောအကျင့်သို့ အဆင့်ဆင့် အဆင့်မြင့်သွားခြင်ကိုသိစေလိုသောကြောင့်နှင့်၊ ရှေ့ပါရမီနှင့် နောက်နောက်ပါ ပါရမီတို့သည့် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး၊ ပါရမီတော်အချင်းချင်း အထောက်အပန့် ကျေးဇူးပြုနေသောကြောင့် ယ္ခုကဲ့သို့ ပါရမီတော်တို့ကဒါန၊သီလ-စသည်ဖြင့် အစဉ်အလိုက် စီစဉ်ထားဖြင်းဖြစ်ပါတယ်။ သို့ရာတွင် ထိုပါရမီတော်ဆယ်ပါးကို အစဉ်အတိုင်း ဒါနပြည်ကျင့်ပြီးမှ သီလပါရမီ ကိုဖြည့်ကျင့်၊ သီလပါရမီဖြည့်ကျင့်ပြီးမှ နေက္ခမ္မ ပါရမီကို ဖြည်ကျင့်ဆိုပြီး ဒါန၊သီလ စသည်ဖြင့် အစဉ်အတိုင်းဖြည့်ကျင်နေရတာမဟုတ်ပေ၊အဆင်ပြေ သလို သင့်လျှော်သလို ပါရမီတော်တို့ကို ဖြည်ကျင့်ရဖြစ်ပါတယ်။ဘုရားလောင်းတော်တို့သည် ထိုပါရမီတော်တို့ကို သာမာန်ပုဂ္ဂိုလ်များမဖြည့်ကျင့် မဆည်းပူးနိုင်သော အတိုင်းအတာအထိ ပါရမိတော်ရင့်သန်တဲ့အထိ များစွာအရေမတွက်နိုင်အောင် ဖြည့်ကျင့်ရတာဖြစ်ပါတယ်။ဘုရာလောင်းတော် ဘုရားဖြစ်ရန်ပါရမီတော်တို့ဖည့်ကျင့်တော်မူခဲ့သော ဘ၀မျာကို အနည်ငယ်မျှ အကျဉ်းဖော်ပြပေးသွားပါမည်။

(၁) ဒါနပါရမီ ။ ။ဘုရားအလောင်တော်သည် ဘုရာဖြစ်ရန်ပါရမီးဖြည့်ရာ ဘ၀ပေါင်းများစွာတို့၌ မိမိရဲ့ ကိုယ်ပိုင် ပစ္စည်း ဥစ္စာ စိန် ရွှေ ရတနာများကို ဘုရားဖြစ်ရန် ရည်မျှော်မှန်း၍ တွန့်တိုငဲ့ကွက်ခြင်းမရှိဘဲ စွန့်လွတ်လှုဒါန်းယုံမှမကပဲ၊ မိမိ၏ ချစ်လှစွာသော ဇနီးမယားနှင့် အသဲပွတ်ပမာ ချစ်သွေးဖြာရတဲ့ ရင်နှစ်သည်းခြား သားသ္မီးတို့အားလည်း သဗ္ဗညုတရွှေဥာဏ်တော်ကို ရရန်အတွက် ပေးလှုဒါန်းပြီး၊ မိမိ၏ ခန္ဓာကိုယ် အစိပ်အပိုင်း ခြေလက်အင်္ဂါ အသွယ်သွယ်တို့ကိုလည်းဝေနေများစွာ သတ္တ၀ါတို့အား ကယ်တင်လိုသော မဟာဂရုဏာတော်ပြင်းပြတော်မူသောကြောင့် ငဲ့ကွက်ခြင်းမရှိဘဲ မိမိရဲ့ အသက်ကိုပင် ပေးလှုဒါန်းခဲ့ပါတယ်။ဘုရား

အလောင်းတော် ဝေဿန္တရာ မင်ကြီးသည် မိမိ၏ဇနီးမိဖုရား၊ သားတော် သမီးတော်တို့ကို အသက်မက ချစ်ပါသော်လည်း သတ္တ၀ါတို့အပေါ် သနားခြင်း မဟာဂရုဏာများသောကြောင့် စွန့်လှုခဲ့ပါတယ်။(ဇာ-၅၄၈)ဘုရားဖြစ်ရန် ပါရမီတော်ဖြည့်ကျင့်စဉ် ´သိဝိ` မင်းကြီးဘ၀တွင်လည်း သဗ္ဗညုတ ဘုရာစင်စစ်ဖြစ်ရန်အတွက် မိမိ၏ မျက်လုံးတို့ကို ရှင်ဘုရင်ဘ၀၌ပင် စွန့်လှုတော်မူခဲ့ပါတယ်။(ဇာ-၄၉၉)။ ပါရမီတော်ဖြည့်စဉ်ဘ၀ ဘုရားအလောင်းတော် မျောက်မင်းသည် မိမိရဲ့ အမျိုးအနွယ် နောက်ပါမျောက်အားလုံးတို့အတွက် မိမိရဲ့ အသက်ကိုမငဲ့ကွက်ဘဲ မျောက်အပေါင်းတို့၏ အသက်ကို ကင်တင်၍ မိမိရဲ့ အသက်ကို ပေးဆပ်စွန့်လှုခဲ့ပေ၏။(ဇာ၄၀၇)။ဘုရားအလောင်းတော်သည် ယုန်ဘမင်းဘ၀ဖြစ်ရစဉ်တွင်လည်း မိမိရဲ့ အသက်ခန္ဓာကို အလှုခံတို့အား သဗ္ဗညုတဗုဒ္ဓစင်စစ်ဖြစ်ရန်အတွက် ပေးလှု၍ ဘုရားဖြစ်ကြောင်း ပါရမီ တော်တို့ကို ဖြည့်ကျင့်ခဲ့ပါသည်။(၃၁၇)

(၂) သီလ ပါရမီ ။ ။ ဘုရားဖြစ်ရန် သီလပါရမီတော်ကို ဖြည့်ကျင့်ရာ၌လည်း ဘုရားအလောင်းတော်သည် အသက်ကိုပင်ပဓါနမထားဘဲ မိမိဆောက်တည်ထားသော သီလတော်မြတ်ကို အပျက်အောင်စောင့်ထိမ်းခဲ့ပါတယ်။`စပ္ပေယျ´နဂါးမင်းဇာတ်တော်၌လည်းကောင်း၊(ဇာ၅၀၆)။ဘူရိဒတ္တ´နဂါးမင်းဖြစ်စဉ်ဘ၀တွင်လည်းကောင်။(ဇာ၅၄၃)မိမိ၏သီလကိုမကျိုးမပျေက်ရအောင်အသက်ကိုစွန့်၍စောင့်ထိမ်းခဲ့ပါသည်။ဘုရားအလောင်းတော်သည် ပါရမီဖြည့်စဉ် တခုသောဘ၀၌ သူဆင်းရဲအမျိုးတွင်ဖြစ်ပြီး၊ဥပုသ်စောင့်ရာတွင် သီလကို အသက်နှင့်လဲ၍ သီလပါရမီတော်ကို ဖြည့်ကျင်တော်မူခဲ့ပါတယ်။(ဇာ-၄၂၁)။

(၃) နေက္ခမ္မ ပါရမီ။ ။ နေက္ခမ္မပါရမိတော်ဆိုသည်မှာ လောကီအာရုံ ကာကဂုဏ်တို့ကို မမက်မော မတွယ်တာမစွဲလလမ်းတော့ဘဲ လောကီ အာရုံ ကာမဂုဏ်တို့ကို စွန့်ခွာပြီး လူသူဝေးရာ အရပ်ဌာန၌ တရားကျင့်ကြံ နေထိုင်ခြင်ကိုခေါ်ပါသည်။ဘုရားအလောင်းတော်သည် မိမိ၏ များပြားပေါများပြည့်စုံလှသည့် လောကီစည်းစိမ်၊မင်းစည်းစိမ် ထီနန် တို့ကို စွန့်လွှတ်၍ တော်ထဲတွင် တရားကျင့်တော်မူသော ဘ၀တို့မှာ အလွန်များပြားလှပါသည်။`အယောဃရ`မင်းသားသည်လူဘ၀ကိုအကျဉ်းထောင်လှောင်အိမ်ကြီးကဲသို့ရူမြင်သောကြောင့်ထီနန်းကိုစွန့်၍တော်ထွက်တရားအားထုပ်တော်မူခဲ့ပါတတယ်။(ဇာ၅၁၀)၊ဘုရားအလောင်တော်သည်ပါရမီတောဖြည့်စဉ်`ဟတ္ထိပါလ`သတိုးသားဘ၀တွင်မိမိအားချီမြောက်ပေးအပ်သည့်မင်း၏အဖြစ်ကိုညင်းပယ်၍လည်းကောင်း၊(ဇာ-၅၀၉)။သုတသောမ ရှင်ဘုရင်ဖြစ်စဉ်တွင်လည်း ထီးနန်းစည်းစိမ်များစွာတို့ကို စွန့်လွှတ်၍ တရားအားထုပ်တော်ကာ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပါတယ်၊(ဇာ-၅၂၅) ထိုကဲ့သို့ မြောက်များစွာသော ဘ၀တို့၌ လောကီစီစည်ရဲ့ အထွဋ်အထိပ်မင်းစည်းစိမ်တို့ကို စွန့်၍ ဘုရားစင်စစ်ဖြစ်ရန်သတ္တ၀ါဝေနေယျတို့အား အမှန်တရာကို သိမြင်နာလည်ပြီး တရာတော်အစစ်အမှန် ရရှိသိမြင်စေရန် ပါရတော်တို့ကိုအံ့သြဖွယ်ရာ ဖြည့်ကျင့်တော်မူခဲ့ပါတယ်။

(၃) ပညာပါရမီ ။ ။ပညာသည် သရုပ်အားဖြစ် သုံးမျိုး သုံးစားရှိပါတယ်။ဆရာသမား၊ လူကြီးမိဘ စသည်တို့၌ သင်ယူခြင်း ´သုတမယပညာ`။ယင်း သင်ယူလေ့လာမှတ်သားထားသော ´သုတမယပညာ´ကို အခြေခံပြု၍ အကျိုး/မရှိ စသည့် ကြောင်းကျိုးဆီလျှော်အောင် စဉ်စားဆင်ခြင်ခြင်း `စိန္တာမယပညာ´ ကမ္မဋ္ဌာန်း ဘာဝနာကို ပွားမျာ၍ ရုပ်, နာမ် တို့၏ သဘာဝကို အမှန် အတိုင်း ထိုးထွင်းသိမြင်ခြင်း`ဘာဝနာ မယပညာ´ ဟူ၍ သုံမျိုးဖြစ်ပါတယ်။ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ ပညာပါရမီကို အထူးသလည်ဆည်ဆည်းပူးဖြည့်ကျင့်ခဲ့ပါတယ်။မဟော်သဓာ` ဘ၀တွင်လည်း မိမိ၏ဥဏ်ပညာာအစွမ်း

ဖြင့် လူတွေကို မသေစေဘဲ ရန်သူများကို အနိုင်ရအောင်လုပ်သွားပုံ၊ရန်သူနှစ်တို့ကိုစေ့စပ်ပေးကာ နှစ်ပြည်ထောင်၏ အကျိုးကို စစ်ပြေငြိမ်းအောင် ပညာအစွမ်ဖြင့် ဖြေရှင်းသွားခဲ့ပါသည်။လောက၌ ဘယ်အရာမဆို ပညာဥဏ်ဖြင့်သာ စဉ်းစာဆုံးဖြတ်ရပါသည် ပညာဆိုသည်မှာ သင်ကြာမှု တခုတည်းကိုခေါ်တာမဟုတ်ပေ ကြောင်း ကျိုး ဆုံးဖြတ်နိုင်မှု ပညာသည်လည် အလွန်အရေးပါလှပေသည်။

(၅)၀ီရိယ ပါရမီ။ ။ဘုရားအလောင်းတော်မြတ်သည် သဗ္ဗုညုတဥာဏ်တော်ရှင် ဘုရားစင်စစ်ဖြစ်ရန်အတွက်ဝီရိယပါရမီကိလည်းအထုးဖြည့်ကျင့်တော်မူခဲ့ပါတယ်။(ဇာ၅၃၆)´မဟာဇနက`တွင်လည်လည်း ဘုရားအလောင်၏ ၀ီရယ ဇွဲ ရှိမှု ကိုအံ့သြဖွယ်ရာတွေ့ရှီနိုင်ပါသည်။ထိုင်အပြင် ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသော အလွန်မြောက်များလှသောဘ၀တိုင်းတို့တွင် ၀ီရိယပါရမီကို ဖြည့်ကျင်တော်မူခဲ့သည်မှု ၀ီိရိတွင်စံချိန်တင်ရမည်ပင်ဖြစ်ပါသည်။

(၆)ခန္တီပါရမီ။ ။ ခန္တီ ဆိုတာ မိမိရဲ့အားနည်သူများအပေါ် အနိုင်ကျင့်၊သည်းခံခွင့်လွှတ်ခြင်း။ မိမိအား အနိုင်ကျင့်၍ နှိပ်စက်လာခဲ့သော် စိတ်ဓါတ်ကို ကြံ့ခိုင်စွာထား၍ ရန်တုံခြင်းမရှိဘဲ သည်ခံခြင်ကို ခေါ်ဆိုပါသည်။ခန္တီ

သည် သူတပါအနိုင်ကျင့်တာကို သည်းခံယုံမက မိမိထက်အားနည်းသောသူများတို့အားအနိုင်မကျင့်တာကိုလည်း ခန္တီဟုခေါ်ဆိုပါတယ်။မတရာ စော်ကားခြင်းကိုအရှုံးပေးခြင်းသည် ခန္တီဟုမခေါ်ဆိုနိုင်ပေ။ဘုရားအလောင်းတော်သည် ပါရမီတော်ဖြည့်စဉ်ဘ၀များစွားတို့တွင်သည်းခံခြင်း´ခန္တီ`ဓါတ်အလွန်အားကောင်းလှပေသည်။ပါရမီတော်ဖြည့်စဉ်`ခန္တီ၀ါဒီရသေ့´ဘ၀(ဇာ-၃၁၃)တွင် `ကလာဗုဓ´ မင်းမိုက်ကမိမိအားရိုက်နှက်၍ နား၊နှာခေါင်း၊ခြေလက်တို့ကို တဖြေးဖြေး ဖြတ်တောက်၍ သတ်ဖြတ်သည်ကိုပင် အမျက်ဒေါသ မထွက် မေတ္တာမပျက်ပဲ သည်းခံနေသည်မှာ ကြက်သီးမွှေးညှင်ထလောက်အောင်ပင်ဗောဓိဥာဏ်တော်မြတ်အတွက်ခန္တီပါရမီဖြည့်တော်မူသည်ကိုတွေ့ရှိရပါသည်။ပျော့ညံ့ခြင်းသည် ခန္တီ မဟုတ်ပေ။

(၇) သစ္စာပါရမီ ။ ။လောကလူသားတို့သည် မိမိ၏ စည်းစိမ်းဥစ္စာဂုဏ်ဒြပ်၊ ရာထူး၊အမည်၊ ဂုဏ်သိရ် များထိခိုက်မည့်အရေးနှင့် ကြုံတွေ့သည့် အခါတွင် အမှန်အတိုင်း ပြောဆိုဝံ့သောသူသည် အရှိသလောင်ပင် အင်မတန်ရှားပါးလှပါသည်။ဘုရားအလောင်တော်သည် ပါရမိတော်ဖြည့်စဉ်ဘ၀များစွာတွင် ရာထူး၊ဂုဏ်သိရ်၊စည်စိမ်ဥစ္စာ၊ အင်္ဂါ၊ခြေ လက်၊ အသက်ဘေးနှင့် ကြုံတွေ့ရပါသော်လည်းအမှန်အတိုင်းပြောဆိုဖြင့်ဖြင့် သစ္စာပါရမီတော်ကို အထွတ်အထိပ်ရောက်အောင် ဖြည့်ကျင်တော်မူခဲ့ပါတယ်။

သစ္စာပါရမီသည်-

(က) အကျိုးတစုံတရာကို မမျှော်လင့်ဘဲ ဘေးရန်ကို မကြောက်လန့်ပဲ၊ မုသာဝါဒမှ ရှောင်ကြဉ်ပြီး အမှန်အတိုင်းပြောဆိုသည့် သစ္စာတရားနှင့်

(ခ)သစ္စာဆိုသည့်အတွက်ကြောင့် အကျိုးတစ်စုံတရာကို ရရှိရန်အတွက် အမှန်အတိုင်းပြောဆိုသည့် သစ္စာတရားဟူ၍ နှစ်မျိုးနှစ်စားရှီပါသည်။

ထိုနှစ်ပါးတွင်--

(က)၀ိဒူရ အမတ်ကြီးသည် ပုဏ္ဏကဘီလူကိုမကြောက်ရွံ့ဘဲ ၊ကောရဗျမင်းကြီးသာပိုင်ကြောင်း အမှန်အတိုင်း ၀န်ခံပြောကြားခဲ့ပါသည်။(ဇာ-၅၄၆)။(ခ)`သုပ္ပါရက´ဇာတ်တော်ထဲ၌ဘုရားအလောင်းတော်သည်`ငါးပါးသီလကို မကျူးလွန်ဘူးကြောင်းသစ္စာဆို၍ သမုဒ္ဒရာမှ ဘေးလွတ်ရာသို့ရောက်စေလွှတ်မြောက်စေခဲ့ပါသည်(ဇာ-၄၆၃) ။ဘုရားအလောင်းတော်သည် ငုံးမင်းဖြစ်စဉ်ဘ၀တွင်လည်း မှန်ကန်သော သစ္စာစကားကို ဆိုပြီး မီးဘေးမှ ငြိမ်းအေးအောင်ပြုလုပ်ခဲ့ပါသည်(ဇာ၃၅)။ဘုရားအလောင်းငရံ့မင်းသည်မိုးခေါင်းရေရှားသဖြင့်ကြီးစွာဆင်းရဲဒုက္ခရောက်ကြကုန်သောရေနေသတ္တ၀ါ တို့အား ချမ်သာသုခရရှိနိုင်ရန်အတွက် သစ္စာဆိုပြီး မိုးကြီးသဲထန်းစွာရွာစေခဲ့ပါသည်။

(၈)အဓိဋ္ဌာန ပါရမီ ။ ။

အဓိဋ္ဌာနပါရ ပါရမီဆိုသည်မှာ မိမိပြုလုပ်မည့်အမှုကိစ္စမှန်သမျှကို အဖြစ်မနေ လုပ်ဆောင်မှု အောင်မြင်အောင်လုပ်ဆောင်ခြင်း ဆုံးဖြတ်ထားသည့်အတိုင်း ပြုလုပ်မှုကို အဓိဋ္ဌာန်ဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဘုရားအလောင်းတော် `တေမိ´မင်းသားသည် မင်းဖြစ်ရခြင်း၏ အပြစ်များမှုတို့ကို ဆင်ခြင်သိမြင်သောကြောင့် မင်မဖြစ်ရအောင်(၁၇)နှစ်တိုင်တိုင်`ဆွံ့အ၊နားပင်း၊မလှုပ်မရှား´နေသွားမည်ဟုအဓိဋ္ဌာန်ပြု၍အသတ်ခံရမည့်ဘေးကိုပင် ဂရုမပြုဘဲ အဓိဋ္ဌာန်သည့်အတိုင်း နေခဲ့ပါသည်။

ထိုအပြင် ဘုရားအလောင်းတော်သည်၊ သုမေဓါရှင်ရသေ့ဘ၀၌ ဒီပင်္ကရာဘုရားရှင်၏ခြေတော်ရင်း၌ ဘုရားဆုပန်၍ လောကသားတို့အား ကယ်တင်ရန်အတွက် အဓိဋ္ဌာန်ပြု၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသော များပြားလှသော ကာလကြာအောင် အဓိဋ္ဌာန်ထားသည့်အတိုင်း ဘုရားစင်စစ်ဖြစ်အောင် ပြုကျင့်တောာ် မူခဲ့ပါတယ်။

(၉)မေတ္တာ ပါရမီ။ ။ သူတပါးတို့အား ဆင်ရဲမှုအမျိုးမျိုး မှ ကင်းလွတ်စေလိုပြီး၊ ချမ်းသာကြီးပွားမှု အမျိုးမျိုးကို ဖြစ်စေချင်လိုသော စိတ်ထားသည် မေတ္တာမည်ပါသည်၊ မေတ္တသည် မိတ်ဆွေ၊ရန်သူ မခွဲခြားဘဲချမ်းသာလိုမှုမျိုးဖြစ်သည်။မေတ္တာဓါတ်အားကြီးသောသူသည်မိမိကိုစော်ကားအပြစ်ပြောပါသော်လည်းအမျက်မထွက်ဘဲမေတ္တာထားနိုင်သည့်သဘောရှိ၏။ဘုရာအလောင်တော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်တိုင်အောင် ဘုရားဖြစ်ရန်အတွက် ထိုမေတ္တာပါရမီကိုလည်း ဖြည့်ကျင့်တော်မူပါတယ်။ ဘုရားအလောင်းတော်`သုဝဏ္ဏသာမ´သည် တော်ထဲ၌ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးကာ သား သမင်တို့နှင့် အတူတကွ နေထိုင်စဉ် မိမိအား လေးဖြင့်ပစ်သတ်သော`ပီဠိယက္ခ´ မင်းကိုပင် အမျက်မထွက်၊ မေတ္တာမပျက် နေတော်မူခဲ့ပါသည်။(ဇာ-၅၄၀)

(၁၀) ဥက္ခော ပါရမီ။ ။ဥက္ခောဟူသည်ကား `ချစ်ခြင်း၊မုန်းခြင်း´ဟူသော အစွန်းနှစ်ဘက်သို့ မလိုက်ပဲ `ချိန်ခွင်လျှာ´ကဲ့သို့ ဘယ်ဘက်ကိုမှ မတိမ်း မယိုင်သွားစေရန် စိတ်ကို တည့်တည့်မတ်မတ်ထားသည့်`အေးချမ်မှုအပြည့်ရှိသည့်ဖြစ်စေသည့် သဘောတရားကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ဘုရာ အလောင်းတော် `လောမဟံသ´ ရသေ့သည် မိမိကိုယ်ပေါ်သို့ တံတွေးထွေးခြင်း စသည့်အမျိုးအမျိုး နှိပ်စက်သည့်သူတို့အပေါ်၌ စိတ်မဆိုး၊ အပြစ်မယူ၊စိတ်ထိခိုက်မှုမရှိအောင်နှင့်၊ မိမိအားပူဇော်သူတို့အပေါ်၌လည်း တွယ်တာခြင်း၊ သဘောကျခြင်း၊ရွှင်ပြမှုမရှိရအောင်စိတ်ကိုဘယ်ဘက်ကိုမှမယိမ်းမယိုင်ရအောင် ထိန်းထားနိုင်ခဲ့သည်။ယခုခေတ်ပြောဆိုနေကြသည့် မိမိနှင့် မတည့်ကြသောသူတို့အား အခေါ်အပြောမလုပ် အဖက်မလုပ်မလုပ်လို၍ `ဥက္ခောပြုထားတယ်`ဟုပြောဆိုကြသော စကားသည် ´ဥက္ခောမဟုတ်ပေ။

(ပါရမီအပြား သုံးဆယ်)

ဒါနစသော ပါရမီ(၁၀)ကို ရိုးရိုးသာမာန် ဖြည့်ကျင့်လျှင်`ပါရမီ´ဟုခေါ်ဆို၏။

(က)ကိုယ်လက်အင်္ဂါ ကြီးငယ်တို့ကို စွန့်လွတ်၍ ဖြည့်ကျင့်လျှင်`ဥပပါရမီ´ဟုခေါ်ဆိုပါသည်။

(ခ)မိမိရဲ့ ကိုယ်-လက် အင်္ဂါကြီးငယ်တို့ကို စွန့်၍ ဖြည့်ကျင်အပ်သော ပါရမီ ကို`ဥပပါရမီ´ဟုခေါ်ဆိုပါသည်။

(ဂ)ဘုရားဖြစ်ရန် မိမိရဲ့ အသက်ကိုပင် စွန့်လွှတ်၍ ဖြည့်ကျင်အပ်သော ပါရမီကို`ပရမတ္ထပါရမီ´ဟုခေါ်ဆိုပါသည်။

ထိုကဲ့သို့ ပါရမီတော်(၁၀)ပါကို ဖြည့်ကျင့်ရာတွင် အမျိုးအစားအားဖြင့်-

(က)သာမန်-

(ခ)အလတ်စား-

(ဂ)အမြတ်စား- ဟု ၃-မျိုးစီ ရှိသဖြင့် ပါရမီိ(၁၀)ကို ၃-မျိုး-၃-စားခွဲခြားလိုက်သောအခါ အပြားအားဖြင့် သုံးဆယ်ဖြစ်သွားပါသည်။ဘုရားအလောင်းတော်သည်ဘုရားစင်စစ်ဖြစ်ရန်အတွက်လောကသားတို့အားတရားစစ်တရားမှန်အားသိမြင်စေ၍ ကိလေသာအညစ်အကြေးကင်းရာ ဆင်းရဲ့ဒုက္ခအပေါင်းမှ ကင်းလွတ်ရာမြတ်နိဗ္ဗာန်နှင့် လောကီ-လောကုတ္တရာ နှစ်ဖြာသော ချမ်သာသုခများ ရရှိစေရန်အတွက် ယင်းပါရမီတော် (၁၀)ပါးတို့ကို လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းကြာအောင် အစွန်းဆုံးထိ သာမန် လူတို့ စိတ်ကူနှင့်ပင် မကြံစည်ရဲလောက်အထိ အထွဋ်အထိပ်ထိအောင် ဖြည့်ကျင့်တော်မူခဲ့ပါတယ်။ ။

( သူ့အကျိုး၊ ကိုယ့်အကျိုး သည်ပိုးနိုင်သူများ ဖြစ်ကြပါစေ။ )

ဓမ္မ၀ီရ-အရှင်တေဇနိယ(ခေတ္တ)သီရိလင်္ကာ။