ထိ၊ သိ၊ သတိ
ဒီမှာ စာသုံးလုံးပဲရှိတယ်၊ ဒီသုံးလုံးဟာ
စွန်းလွန်းကမ္မဋ္ဌာန်းထိုင်နည်း(တရားအားထုတ်နည်း) တစ်ခုလုံးပါပဲ
ထိ သိ
ဒီ နှစ်ခုကို သတိပြု
ထိတဲ့အခါ
သိပါ
သိတဲ့အပေါ် သတိထားပါ
သင့်တော်တဲ့ နေရာကို ရွေးပါ
ဖြောင့်ဖြောင့်မတ်မတ် ထိုင်ပါ
မျက်စိကို ပိတ်၊ ပါးစပ် ပိတ်
ဘာသံမှ နားမထောင်ဘဲ
စိတ်ကို နှာသီးဖျားမှာ ထားပါ
သတိချပ်၍ အသိကပ်ပါ
လေအထိကိုသာ
. ၀င်ချီ ထွက်ချီ
အဲဒီမှာ ဒါ အပြည့်အစုံပါပဲ
ခန္ဓာကိုယ်ရဲ့ တံခါးများအနက်
နှာသီးဖျား ကာယတံခါးဟာ ဂိတ်တံခါးကြီး
ဉာဏ်အလင်း ရရှိခြင်းအလို့ငှာ
ဒါကြောင့် စွန်းလွန်းနည်းဟာ
ထိသိပေါ်မှာ အခြေခံတယ်
ဝင်လေ ထွက်လေ
နှာသီးဖျားက
ပြင်းပြင်းရှူလေ
ပြင်းပြင်းထိလေ
အဲသည်လို ပြင်းပြင်းထိတော့
မိမိရရ သိလေ
မိမိရရ သိတော့
သတိကပ်ဖို့ လွယ်လေ
ဒါကြောင့် မနားဘဲ
ရပ်မနေဘဲ
ဣရိယာပုတ် မပြောင်းဘဲ
ယားနေတာ မကုတ်ဘဲ
ဆက်တိုက် ရှူထုတ်ပေးပါ
စိတ်ကို ထားပါ
ထိသိပေါ်မှာ သာ
အချိန်စေ့သည့်တိုင်အောင်
ဆရာညွှန်ကြားတဲ့ အတိုင်း ယောဂီက
အသက်ရှူရပ်ရန်
ယောဂီဟာ ၀င်သက်တစ်ချက်ကို ရှူ
အရှူရပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေပါ
နောက်တော့ ဝေဒနာကို သိလာပါလိမ့်မယ်
ခန္ဓာကိုယ် တစ်ကိုယ်လုံး လိုက်ရှု့ 
အထင်ရှားဆုံး ဝေဒနာပေါ် စိတ်ကို စိုက်ထားပါ
(ဆရာညွှန်ကြားတဲ့အတိုင်း)
ဒါ အဓိကပါပဲ
အပြောလွယ်ပါတယ်
လက်တွေ့ လုပ်ဖို့ ခက်ပါတယ်
ဒါ တခြားစီပါပဲလေ
ခက်သော်လည်းပဲ
မဖြစ်နိုင်လို့ ထင်ရသော်လည်းပဲ
ဝေဒနာပေါ်တွင် သတိတင်
l ခန္ဓာကိုယ်ကို ငြိမ်ငြိမ်ထား
တစ်လက်မမှ မရွေ့ဘဲ
စိတ်ကိုလည်း ပျံ့လွင့် မနေစေဘဲ
ဒီမှာ “သော့ချက်” ကျတဲ့ စကားက
“ အရှိကို အရှိအတိုင်း သိပါစေ”
အဓိပ္ပါယ်ကတော့ ဘာဝေဒနာပဲ ပေါ်ပေါ်ပေါ့။
နာလျှင်
နာတယ်လို့ သိ
နာကျင်ခြင်းရဲ့ ဝေဒနာ
အမည်နာမ မဟုတ်
ညောင်းညာမယ်၊ ကိုက်ခဲမယ်၊ ထုံကျင်မယ် ဆိုလျှင်
ပူမယ်၊ အေးမယ်
အရှိအတိုင်း သိပါစေ
ဝေဒနာ ရှိသည့်အတိုင်း
အမည်နာမ မဟုတ်၊
ဘာပဲ ပေါ်ပေါ် သိပါစေ
ပေါ်လာတဲ့ ဝေဒနာအတိုင်း
ဝေဒနာ ပေါ်လာတဲ့အခါ
ပေါ်လာတဲ့ ဝေဒနာအတိုင်း ရှိသည့်အတိုင်း
အရှိကို အရှိအတိုင်း သိပါစေ
(အဓိပ္ပါယ်ကတော့)
အဖျက်ဖြစ်တဲ့ “ငါ” “ငါ့ဟာ” ဆိုတာ မတွေးဘဲ
ငါ၏ ခန္ဓာလို့တောင် မတွေးဘဲ
ဝေဒနာ အမည်နာမ မတပ်ဘဲ
နိမိတ် အာရုံ မတွေးဘဲ
ဝေဒနာ အရှိအတိုင်း သိပါ
အသိနဲ့ ဝေဒနာသာ ကျန်သည်အထိ
ကိုယ်မဟုတ်၊ အတ္တမဟုတ်
ငါ မဟုတ်
ပညတ်အာရုံ နိမိတ် မဟုတ်
အနှစ်သာရ ရှာမရ (ပရမတ်မျှသာ)
အသိနဲ့ ဝေဒနာသာ ကျန်တော့တာ
ပြင်းထန်တဲ့ ဝေဒနာလွန်သော်
ဝေဒနာပေါ်မှာ အလေးထား အာရုံပြုရမှာက
ပေါ်လာတဲ့ ဝေဒနာ အရှိအတိုင်း သိနေဖို့
ဝေဒနာနဲ့ အသိသာ ကျန်သည်အထိ
တစ်ချိန်ချိန် ရောက်တော့
ပြင်းထန်တဲ့ ဝေဒနာ ချုပ်သောအခါ
ကြည်လင်နေတဲ့ စိတ်နဲ့ သတိကပ်မှုသည်သာ
လောဘ ဒေါသ မောဟ တဒင်္ဂကင်းကွာ
စိတ်ကြည်လင် သန့်စင်လာတဲ့အခါ
အတ္တ လိပ်ပြာကင်း၊ သန့်စင်၊ ခိုင်မြဲပြီး ထာဝရ သုံးနိုင်လာတယ်
စိတ်ကို ထားနိုင်လာတယ်
ကိုယ်လိုရာကို
ဖယ်ရှားနိုင်လာတယ်
မလိုတဲ့နေရာမှ
ဒါဟာ သမ္မာသမာဓိ မဂ္ဂင်ပါ
ဝေဒနာနဲ့ အသိက နာမ်
ယင်း၏ တည်ရာကား ရုပ်ဟု
ပိုင်းခြား သိခြင်းက သမ္မာဒိဋ္ဌိ မဂ္ဂင်
ဆက်လက် ကြိုးစားက
ဉာဏ်စဉ် (၁၀)ပါး ဆုံးပြီး
မဂ်ဆိုက် ဖိုလ်ဝင် ဖြစ်တော့သည်သာ၊
အချမ်းသာဆုံး၊ အငြိမ်းချမ်းဆုံးသို့ ရောက်တော့သည်သာ
ဒါဟာ နိဗ္ဗာန်ပါပဲ။
ဒါ ဟာနှိုင်းမရ အောင်မြင်မှုကြီးပါ
ဒါကြောင့်။ ဥပမာအဖြစ် ပြောရလျှင်
သရက်စေ့ တစ်စေ့ ပျိုးလို့
သရက်ပင် တစ်ပင် ပေါက်လာသကဲ့သို့
မျိုးကောင်းကောင်း ပျိုးလိုက်သကဲ့သို့
ရလာဒ်က အမှန်တရားပါပဲ
ဖြစ်လာလိမ့်မယ်
ဒါဟာ အကျိုးတရားပါပဲ
ကိုယ်အာရုံကို စူးစိုက်ခြင်းရဲ့
ကောင်းဆုံး မျိုးစေ့ စိုက်ပျိုးခြင်း အပေါ်မှာ
မြေခံ အကောင်းဆုံး အပေါ်မှာ
အခြေအနေ အကောင်းဆုံး အပေါ်မှာ

အချမ်းသာဆုံး နိဗ္ဗာန် ရောက်ရန်
သဒ္ဓါ ထက်သန်
ဇွဲ မာန် ၀ီရိ
သတိ သမာဓိ ပညာဖြင့်
ကြိုးစား အားထုတ် နိုင်ကြပါစေ