ဗန်းမော်ဆရာတော််ကြီး - ပဌာန်းဒေသနာ ၀တ်ရွတ်စဉ် Download

အခွေ(၁) မြတ်ပဌာန်းဒေသနာနှင့် ၀ိပဿနာဉာဏ်စဉ် တရားတော်များ

၁။ တရားတော်-အပိုင်း(၁) Download
၂။ တရားတော်-အပိုင်း(၂) Download
၃။ တရားတော်-အပိုင်း(၃) Download
၄။ တရားတော်-အပိုင်း(၄) Download
၅။ တရားတော်-အပိုင်း(၅) Download
၆။ တရားတော်-အပိုင်း(၆) Download
၇။ တရားတော်-အပိုင်း(၇) Download
၈။ တရားတော်-အပိုင်း(၈) Download
၉။ တရားတော်-အပိုင်း(၉) Download
၁၀။ တရားတော်-အပိုင်း(၁၀) Download

အခွေ(၂) မဟာသတိပဌာနသုတ်တော် တရားတော်များ

၁။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁) Download
၂။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂) Download
၃။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၃) Download
၄။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၄) Download
၅။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၅) Download
၆။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၆) Download
၇။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၇) Download
၈။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၈) Download
၉။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၉) Download
၁၀။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၀) Download
၁၁။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၁) Download
၁၂။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၂) Download
၁၃။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၃) Download
၁၄။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၄) Download
၁၅။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၅) Download
၁၆။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၆) Download
၁၇။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၇) Download
၁၈။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၈) Download
၁၉။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၉) Download
၂၀။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၀) Download
၂၁။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၁) Download
၂၂။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၂) Download
၂၃။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၃) Download
၂၄။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၄) Download
၂၅။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၅) Download

အခွေ(၃) မဟာပဋိစသမုပ္ပါဒ်သင်တန်း တရားတော်များ

၁။ တရားတော်-အပိုင်း(၁) Download
၂။ တရားတော်-အပိုင်း(၂) Download
၃။ တရားတော်-အပိုင်း(၃) Download
၄။ တရားတော်-အပိုင်း(၄) Download
၅။ တရားတော်-အပိုင်း(၅) Download
၆။ တရားတော်-အပိုင်း(၆) Download
၇။ တရားတော်-အပိုင်း(၇) Download
၈။ တရားတော်-အပိုင်း(၈) Download
၉။ တရားတော်-အပိုင်း(၉) Download
၁၀။ တရားတော်-အပိုင်း(၁၀) Download
၁၁။ တရားတော်-အပိုင်း(၁၁) Download
၁၂။ တရားတော်-အပိုင်း(၁၂) Download
၁၃။ တရားတော်-အပိုင်း(၁၃) Download
၁၄။ တရားတော်-အပိုင်း(၁၄) Download

အခွေ(၄) မဟာပဌာန်းသင်တန်းတရားတော်များ (၂၀၁၅)

၁။ တရားတော်-အပိုင်း(၁) Download
၂။ တရားတော်-အပိုင်း(၂) Download
၃။ တရားတော်-အပိုင်း(၃) Download
၄။ တရားတော်-အပိုင်း(၄) Download
၅။ တရားတော်-အပိုင်း(၅) Download
၆။ တရားတော်-အပိုင်း(၆) Download
၇။ တရားတော်-အပိုင်း(၇) Download
၈။ တရားတော်-အပိုင်း(၈) Download
၉။ တရားတော်-အပိုင်း(၉) Download
၁၀။ တရားတော်-အပိုင်း(၁၀) Download
၁၁။ တရားတော်-အပိုင်း(၁၁) Download
၁၂။ တရားတော်-အပိုင်း(၁၂) Download
၁၃။ တရားတော်-အပိုင်း(၁၃) Download
၁၄။ တရားတော်-အပိုင်း(၁၄) Download
၁၅။ တရားတော်-အပိုင်း(၁၅) Download
၁၆။ တရားတော်-အပိုင်း(၁၆) Download
၁၇။ တရားတော်-အပိုင်း(၁၇) Download
၁၈။ တရားတော်-အပိုင်း(၁၈) Download
၁၉။ တရားတော်-အပိုင်း(၁၉) Download
၂၀။ တရားတော်-အပိုင်း(၂၀) Download
၂၁။ တရားတော်-အပိုင်း(၂၁) Download
၂၂။ တရားတော်-အပိုင်း(၂၂) Download
၂၃။ တရားတော်-အပိုင်း(၂၃) Download
၂၄။ တရားတော်-အပိုင်း(၂၄) Download
၂၅။ တရားတော်-အပိုင်း(၂၅) Download

အခွေ(၅) ဒါန၊ သီလ၊ သမာဓိနှင့် ပညာခန်းတရားတော်များ

၁။ ဒါနခန်းတရားတော် (၁) Download
၂။ ဒါနခန်းတရားတော် (၂) Download
၃။ သီလခန်းတရားတော် (၁) Download
၄။ သီလခန်းတရားတော် (၂) Download
၅။ သီလခန်းတရားတော် (၃) Download
၆။ သီလခန်းတရားတော် (၄) Download
၇။ သမာဓိခန်းတရားတော် (၁) Download
၈။ သမာဓိခန်းတရားတော် (၂) Download
၉။ ပညာခန်းတရားတော် (၁) Download
၁၀။ ပညာခန်းတရားတော် (၂) Download

အခွေ(၆) အဘိဓမ္မာ-၀ိထိ(၃၁)ဘုံ သင်တန်းတရားတော်များ

၁။ တရားတော်-အပိုင်း(၁) Download
၂။ တရားတော်-အပိုင်း(၂) Download
၃။ တရားတော်-အပိုင်း(၃) Download
၄။ တရားတော်-အပိုင်း(၄) Download
၅။ တရားတော်-အပိုင်း(၅) Download
၆။ တရားတော်-အပိုင်း(၆) Download


ပဋ္ဌာန်းဒေသနာတော်ရွတ်ပွား လွန်စွာကောင်းကျိုးများ

ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိ၀ံသသည် ပိဋကတ်ကျမ်းဂန်တွင် နှ့ံစပ်ကျွမ်းကျင်၏။ အဂ္ဂမဟာပဏ္ဍိတနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို ရရှိထားသော ဆရာတော်ဖြစ်သည်။ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက, ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးတွင် ပရိယတ္တိမဟာဌာနမှူးကြီးလည်း ဖြစ်သည်။

ဆရာတော်ကို ကြည်ညိုလေးစားသော တပည့်ဒါယကာ အများအပြား ရှိကြသည်။ ဆရာတော်၏ ကျယ်ပြန့်သော ရှေးဟောင်းကျောင်းတော်ကြီးသို့ မပြတ်လာရောက်ကြပြီး တခါတရံ သားမြေး ကလေးငယ်များပင် ခေါ်လာတတ်ကြ၏။ ဆရာတော်ကို ရင်းနှီးမှုရှိသဖြင့် ပါလာသောကလေးများမှာ ကျောင်းပေါ်တွင် ပြေးလွှားဆော့ကစားချင်ကြ၏။ ကျောင်း၏သက်တမ်းအရ နှစ်တရာကျော်ပြီဖြစ်သည်။ ဟောင်းနွမ်းအိုမင်းလျက်ရှိရာ ပြိုကျမည်စိုး၍ မပြေးမလွှားရန် ကလေးများကို တားမြစ်ရသည်။

တနေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ပြည်နယ်သံဃနာယက အတွင်းရေးမှူး ဦးကလျာဏသည် ဆရာတော်ကျောင်းသို့ ရောက်ရှိလာသည်။ အလွန်ဟောင်းနွမ်း၍ ယိုင်လဲလုနီး ဖြစ်နေသော ကျောင်းကြီးကို မြင်တွေ့သဖြင့် ဦးကလျာဏက ဆရာတော့်အား လျှောက်ထားသည်။
အရှင်ဘုရား၊ ပရိယတ္တိမှာ နှံ့သိကျွမ်းကျင်ထင်ရှားတဲ့ ဆရာတော်တပါး ဖြစ်နေပြီး ကျောင်းကတော့ အိုနေပြီ။ ကျောင်းပျိုဖြစ်အောင် လုပ်ပါဘုရား။
ကျောင်းပျိုဖြစ်ဖို့ဆိုတာ လှူတဲ့လူရှိမှ ဖြစ်တော့မှာပေါ့။ မလွယ်လှပါဘူး။
လွယ်ပါတယ်ဘုရား၊ ကျောင်းဟောင်း ကျောင်းအိုကနေ ကျောင်းကောင်း ကျောင်းပျိုဖြစ်အောင်လုပ်တဲ့နည်း ရှိပါတယ်။ ဒီနည်းကို တပည့်တော် သိပါတယ်ဘုရား။
ဆိုပါဦး နည်းလမ်းကလေး။

ပဋ္ဌာန်းရွတ်ရမှာပေါ့ဘုရား။
ပဋ္ဌာန်းရွတ်ပြီဆိုရင်တော့ အဟောင်းကနေ အကောင်းအသစ်တွေ ရလာတော့မှာပါ။
ဒါ လက်တွေ့ ဟုတ်နိုင်ပါ့မလား။
ဟုတ်တာပေါ့ဘုရား၊ ကျောင်းလိုရင် ကျောင်းရ။ တခြားလိုတာရှိရင်လဲ အကုန်ရပါတယ်။ တပည့်တော်မိတ်ဆွေ တောင်ဥက္ကလာပမြို့နယ် ငွေကြာရံကျောင်းတိုက်ဆရာတော် ဦးရေဝတဟာ ပဋ္ဌာန်းကို တနေ့ ၂၄-ခေါက်နှုန်းနဲ့ ၂၄-ရက် ရွတ်ပြီးနောက် ကျောင်းတဆောင် ရတော့တာပဲ။ ဆက်ရွတ်တော့ နောက်ထပ်တကျောင်း ဆက်ရတယ်။ အခု အားလုံး ပြည့်စုံနေပြီ။

ထိုနေ့မှစ၍ ဗန်းမော်ဆရာတော်သည် ပဋ္ဌာန်းကို နေ့စဉ် ရွတ်ဆိုခဲ့သည်။ သို့သော် ငါးနှစ်ပြည့်သည်အထိ ကျောင်းကိုပြုပြင်တည်ဆောက်ပေးမည့်သူ မပေါ်ပေါက်ပေ။
တနေ့တွင် မဟာဗောဓိ ကမ္မဋ္ဌားန်းတိုက်မှ အတွင်းရေးမှူး သိလရှင်ဆရာကြီး ဒေါ်စိတ္တရာသည် ဆရာတော်၏ ကျောင်းသို့ ရောက်ရှိလာသည်။ သီလရှင်ဆရာကြီး ဒေါ်စိတ္တရာသည် ပဋ္ဌာန်းဒေသနာတော်ကို တစိုက်မတ်မတ် ရွတ်ဆိုပူဇော်ခဲ့သူဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီးကို စိန်ဖူးတော် ကိုးလုံးတင်ကာ ကိုယ်တိုင်ကြီးကြပ်တည်ထားခဲ့သူ ဖြစ်သည်။ ပဋ္ဌာန်းရွတ်ဆိုခြင်းနှင့်စပ်လျဉ်း၍ ဆရာတော့်အား ဤသို့ လျှောက်ထားသည်-

အရှင်ဘုရား၊ ပဋ္ဌာန်းကိုရွတ်မယ်ဆိုရင် စံချိန်ကိုက်အောင် ရွတ်ရပါတယ်ဘုရား။ ရွတ်ခါနီးမှာ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စေပြီး ဘုရားခန်းမှာ ပန်း, ဆီမီး, ရေချမ်း စသည် ပူဇော်ရပါတယ်။ ပြီးတော့ ပဋ္ဌာန်းဒေသနာ နာယူလိုတဲ့ သမ္မာဒေဝနတ်မြတ်နတ်ကောင်းတွေကို ပင့်ဖိတ်ရပါတယ်။ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်တဲ့အခါမှာလည်း ပီပီသသ သာယာနာပျော်ဖွယ်အသံထွက် ရွတ်ဆိုရပါတယ်။ ရွတ်ဆိုပြီးတဲ့အခါမှာလည်း တရားနာ လာရောကကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ၃၁-ဘုံကို အမျှအတန်း ပေးဝေရပါတယ်။ နောက်ဆုံး လိုရာဆုကို တောင်းရပါတယ်ဘုရား။ ရွတ်ဆိုနေစဉ် နတ်ဗြဟ္မာများ တရားနာလာလို့ရှိရင် တကျောင်းလုံး မွှေးကြိုင်သွားတယ်ဘုရား။

ထိုအချိန်မှစ၍ ဆရာတော်သည် ပဋ္ဌာန်းတရားတော်ကို နည်းစနစ်ကျနစွာ နေ့စဉ် စံချိန်ကိုက်အောင် ရွတ်ဆိုပူဇော်ခြင်း ပြုတော့သည်။
အဲဒီလို စံချိန်ကိုက် ရွတ်ပြီးတော့ ဘယ်လိုထူးခြားချက် ဖြစ်ပေါ်လာပါသလဲဘုရား?
ပဋ္ဌာန်းတရားတော်နှင့် ပတ်သက်၍ တန်ခိုးထက်မြက်ပုံကို ကိုယ်တွေ့သိရှိ မိန့်ကြားတော်မူသော ဆရာတော်အား စာရေးသူက မေးမြန်းလျှောက်ထားသည်။

စံချိန်ကိုက်ရွတ်ပြီးတဲ့နောက်မှာ ပဋ္ဌာန်းရွတ်ပြီဆိုရင် အလွန်မွှေးတဲ့ ရနံ့တွေ ရလာတော့တာပဲ။ မွှေးတဲ့ရနံ့ဟာ နတ်ဗြဟ္မာတွေ ပဋ္ဌာန်းတရားတော်ကို လာရောက်နာယူကြတယ်ဆိုတာ သိရတယ်။ ဂန္ဓမာဒနတောင်က လာရောက်တရားနာတဲ့ နတ်တွေတောင်ရှိတယ်။ တချိန်ကဆိုရင် ပဋ္ဌာန်းကို ကြည်ကြည်နူးနူးနဲ့ အသံထွက်ရွတ်ဆိုလိုက်တာ တကျောင်းလုံး မွှေးပြီး ဦးခေါင်းပေါ်ကို အမွှေးနံသာအစက်ကလေးတွေတောင် ကျလာတယ်။ အဲဒီအချိန်မှာကျောင်းပေါ်ကို တက်လာတဲ့ ဒကာတယောက်က အရှင်ဘုရား-ရေမွှေး ဆွတ်သလား-လို့တောင် မေးမြန်းလျှောက်ထားခြင်း ပြုခဲ့တယ်။

ပဋ္ဌာန်းကို စံချိန်ကိုက်ရွတ်ပြီဆိုတော့ အရှင်ဘုရားကျောင်းကြီး အသစ်ဆောက်ဖို့ကိစ္စ ဘယ်လိုအခြေအနေ ရှိပါသလဲဘုရား။
ကျောင်းကိုမပြောနဲ့၊ ဘုန်းကြီးမှာ အခု ဘာမှ လိုလေသေးမရှိအောင် ပြည့်စုံနေပြီလို့ ပြောရတော့မှာပဲ။ ဒါတင်ဘယ်ကမလဲ တခြားထူးခြားတဲ့အချက်တွေ ရှိသေးတယ်။
အမိန့်ရှိတော်မူပါဦးဘုရား။
ဘုန်းကြီးက ငယ်ငယ်ကတည်းက နတ်သားနတ်သမီးကို သိပ်မြင်ဖူးချင်တယ်။ မြင်ချင်တဲ့ဆန္ဒ ပြင်းပြနေတုန်း၊ တနေ့ ဘုရားခန်းမှာ ပဋ္ဌာန်းရွတ်တဲ့အခါ နတ်သားတယောက်, နတ်သမီးတယောက် ကိုယ်ထင်ပြပြီး ပဋ္ဌာန်းတရား လာနာတယ်။ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပပြီး တကျောင်းလုံးကို မွှေးကြိုင်နေတာပဲ။ ဘုန်းကြီးပဋ္ဌာန်းရွတ်ပြီးချိန် အမျှအတန်းဝေ၊ မေတ္တာပို့ပြီးတာနဲ့ သူတို့လဲ ပျောက်သွားတယ်။ အဲဒါ ထူးခြားအံ့သြဖို့ ကောင်းတဲ့ ပဋ္ဌာန်းတရားရဲ့ တန်ခိုးပဲဆိုတာ သိရတယ်။

တခြား ထူးခြားတာရှိရင် မိန့်တော်မူပါဦးဘုရား။
တနေ့ ဘုန်းကြီး ရန်ကုန်ကနေ-မန္တလေး ကို ရထားနဲ့ကြွသွားတော့ ရမည်းသင်းအလွန်မှာ ရထားစက်ရပ်ပြီး ဘယ်လိုမှ ဆက်မောင်းလို့ မရတော့ဘဲ ရပ်နားနေရတယ်။ အဲဒီအချိန်မှာ ဘုန်းကြီးလဲ ရတဲ့အချိန်ကလေး ပဋ္ဌာန်းရွတ်ဦးမှလို့ တွေးမိတာနဲ့ ရထားပေါ်က ဆင်းပြီး ရထားလမ်းဘေး လမ်းလျှောက်ရင်း ပဋ္ဌာန်းကို အသံထွက်ရွတ်တယ်။ အဲဒီအချိန်မှာ အဲဒီနေရာက တောအုပ်ကလေးကလဲ ရှိတော့ ဒေသအစောင့်အရှောက်နတ်တွေ ပုဂ္ဂိုလ်သတ္တဝါတွေ အနီးပတ်ဝန်းကျင်မှာ ပဋ္ဌာန်းတရား လာနာတယ်ဆိုတာ ဘုန်းကြီး အလိုလိုသိနေတယ်။ သူတို့အားလုံး အမျှအတန်းရလိုတယ်ဆိုတာ စိတ်ကသိနေတော့ ပဋ္ဌာန်းရွတ်အပြီး တရားလာနာကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အမျှအတန်းလဲ ပေးဝေလိုက်တယ်။ အဲဒီအခါ ဘုန်းကြီးစိတ်ထဲမှာ ပေါ့ပါးသွားပြီး ရထားလဲ ချက်ချင်းစက်နှိုးလို့ ရသွားတာတွေ့ရတယ်။ မန္တလေးခရီးကို ဆက်ထွက်ရင်း ဘုန်းကြီးစဉ်းစားမိတယ်။ ဒါ-သူတို့ ပဋ္ဌာန်းတရားနာပြီး အမျှလိုချင်လို့ ရထားစက်နှိုးမရတာ ဖြစ်မှာပဲ-လို့။

ဆရာတော်မိန့်ကြားသည့် ပဋ္ဌာန်းတရားတော်၏ ထူးမြတ်ပုံကို နာကြားရင်း ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူသည့် မြတ်စွာဘုရားသည် အဘိဓမ္မာဒေသနာတော်ကို ဆင်ခြင်လျက်ရှိရာ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်သည့်အခါတွင် သဗ္ဗညုတ ရွှေဉာဏ်တော်ကြီး ကွန့်မြူးကာ ရောင်ခြည်တော်ခြောက်သွယ်တို့လည်း အဆန်းတကြယ် ထွက်ပေါ်ခဲ့ပုံ၊ ပဋ္ဌာန်းဒေသနာတော်၏ ထူးမြတ်ပုံတို့ကို သတိရ ကြည်ညိုမိပါသည်။

ဆက်လက်၍ ပဋ္ဌာန်းဒေသနာတော်၏ ဥဒ္ဒေသ နိဒ္ဒေသတို့ကို ရွတ်ဆိုသဖြင့် ရရှိနိုင်သည့် အကျိုးများကိုလည်း မိမိဖတ်ရှုဖူးသည်တို့ကို ပြန်လည်သတိရမိပါသည်။
၁။ ရင်ဆိုင်တွေ့ကြုံနေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
၂။ ကျရောက်လတံ့သော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
၃။ အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက်ကိစ္စ အဝဝတို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
၄။ အပြစ်ရှိ၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။
၅။ ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်နိုင်ခြင်း။
၆။ အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။

ဖော်ပြပါ အကျိုးတရားများနှင့် ဆရာတော်မိန့်ကြားသည့် အကျိုးတရားများ ရရှိစေနိုင်ရန် အတွက် သဒ္ဓါတရား ထက်သန်သူတို့သည် ပဋ္ဌာန်းတရားကို ရွတ်ဆိုသည့်အခါ-
ခန္ဓာကိုယ် သန့်ရှင်းစင်ကြယ်အောင် ပြုခြင်း။
သမ္မာဒေဝ နတ်တို့ကို ပင့်ဖိတ်ခြင်း။
အချိန်မှန်မှန် စံချိန်ကိုက် ရွတ်ဖတ်ခြင်း။
သာယာနာပျော်ဖွယ် အသံထွက် ရွတ်ခြင်း။
နေ့စဉ်ရက်ဆက် ရွတ်ဆိုခြင်း။
ရွတ်ဆိုပြီးနောက် အမျှဝေ ဆုတောင်းခြင်းတို့ ပြုသင့်ပါသည်။

ပဋ္ဌာန်းဒေသနာတော်ကို ဖော်ပြပါနည်းများအတိုင်း စံချိန်ကိုက် ရွတ်ဆိုပူဇော်ခြင်း ပြုမည်ဆိုပါက မိမိတို့ လိုအပ်သော ကောင်းကျိုးချမ်းသာတို့ကို မုချခံစားရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြလိုက်ရပါသည်။