တရားဦး ၃

ည၏အမှောင်တိုက်ကို အရှေ့ အရပ်က နေဝန်း
ရောင်နီသည် ထိုးဖောက်၍ လာလိုက်သည်နှင့်
ညအမှောင်သည် နေ့ ကိုခုန်ကူးလိုက်ရသလို. . .
လောကကြီးရဲ့ အဝိဇ္ဇာအမှောင်တိုက်ကို ထိုးဖောက်၍ သစ္စာအလင်းများကို ဖြန့် ကျက်ပေး
ရန်ကဆုန်လပြည့် နေ့ မှာ မြက်စွာစွာဘုရားရှင်ဟာသဗ္ဗညုတဥာဏ်တော်
ကြီးရပြီး လောကကို စတင်လင်းပေးဖို့ အသင့်
ဖြစ်နေပါပြီ။
သတ္တသတ္တာဟ စံတော်မူစဉ် ၄၉ ရက်မှာ
ဘုရားရှင်ဟာ သုဇာတာ လှူဒါန်းတဲ့ဃနာနို့ ဆွမ်း
၄၉ လုပ်ကို တစ်ရက်တစ်လုပ်နှုံးလောက်ဖြင့်
သာ မျှတအောင်သီတင်းသုံးတော်မူပါတယ်။
ကြားထဲမှာ ဘာအာဟာရမှမှီဝဲခြင်းမပြုပါဘူး
လင်းလွန်းပင်အောက်မှာ စံတော်မူစဉ်မှာတော့
ဥက္ကလာပသား ကုန်သည်ညီနောင် ဖြစ်တဲ့

တပုဿနဲ့ ဘလ္လိက တို့ ညီနောင်ကပ်တဲ့
ပျားမုန့် ဆွမ်းကိုအလှူခံဘုန်းပေးတာရှိသော်
လဲ ၄၉ ရက်စလုံးကို အဓိကအာဟာရကတော့
ဃနာနို့ ဆွမ်း ၄၉ လုတ်ပဲရှိပါတယ်။
ရတနာဃရ မှာစံတော်မူနေချိန်မှာတော့ မဟာ
ပဋ္ဌာန်းကျမ်းကြီးဆင်ခြင်သုံးသပ်ပြီး ကိုယ်တော်
မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့် မြူး
ပါတယ်။ မုစလိန္ဒ အိုင်မှာ သီတင်းသုံးတော်မူ
တော့လဲ လေကြီးမိုးကြီးများကျလို့ မုစလိန္ဒနဂါး
မင်းက ဘုရားရှင်ရဲ့ ဘေးပက်ပက်လည်မှာ သူ့ ခန္ဓာကိုယ်ကို ခုနှစ်ထပ်ရစ်ပက်ခွေပြီး အပေါ်မှ
ပါးပြင်းကြီးမိုးပြီးကျောင်းအဖြစ်လှူဒါန်းပါတယ်
အဲလိုလှူဒါန်းတဲ့အတွက် ဘုရားရှင်ကို
အပူအအေး ရေနေလေတို့ ဒါဏ်ကို ကာကွယ်
ပြီးသားဖြစ်သွားလို့ မြက်စွာဘုရားဟာချမ်းသာစွာ
သီတင်းသုံးရပါတယ် ။သို့ သော်လဲ ရာဂတရား
တို့ တပ်မက်ခြင်းကို အပြီးပိုင် စွန့် ခွာထားနိုင်
ခြင်းဟာ ပိုပြီးတော့ ချမ်းသာပါတယ်လို့ မုစလိန္ဒ
နဂါးမင်းကို ဟောတဲ့တရားဟာသိပ်ကောင်း
ပါတယ်။ဒါပေမယ့် သူ့ ခမျာ တိရိစ္ဆာန်ဖြစ်နေလို့ 
ကုသိုလ်တော့ရတယ် တရားတော့မရရှာဘူး၊
သနားစရာပါပဲ။

ဒါကြောင့်သစ္စာတရားဟာ နာရဖို့ ခဲယဉ်းသလို
သိမြင်ဖို့ လဲခဲယဉ်းပါတယ်။
တစ်ခါတစ်လေ ကျွန်တော်တို့ တရားထိုင်ပြီး
သတိသမာဓိတွေသိပ်ကောင်းပြီး ငြိမ်းအေး
ခြင်းသဘောကို တစ်ခြားသူတွေကိုပြန်ပြောပြ
မယ်လို့ စိတ်ကူးကြည့်တာတို့  နဲနဲနက်နဲတဲ့
အသိပညာအတွေးခေါ်လေးတစ်ခုခုရရင်
သူငယ်ချင်းမိတ်ဆွေတွေကို ပြန်ပြောပြမယ်
လို့ စိတ်ကူးရတဲ့အခါမှာ ကိုယ်ပြောပြချင်တာက
သိမ်မွေ့ နေတဲ့အတွက် သူတို့ သဘောမှပေါက်
ပါ့မလား ပြောလည်းမထူးပါဘူး ပြောမနေတော့
ပါဘူးဆိုတဲ့စိတ်မျိုး ပေါ်ပေါ်လာတော့မှ
အော် ငါက ပုထုထုဇဉ်အမြင်လေးတောင်ဒီစိတ်
ပေါ်တာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကြီး တရားမဟော
နေတော့ပါဘူးလို့ စိတ်တော်ဖြစ်တာ ဘာမှအံ့သြ
စရာမရှိပါဘူး။အငြင်းပွားစရာဝေဖန်စရာမရှိပါ
ဘူးနော်. . . .

ဆက်လက်ပူဇော်ပါဦးမည်။