နိဗ္ဗာန် ဂုဏ်တော် လေး ပါး
=================
နိဗ္ဗာန် ဂုဏ်တော်ပေါင်း မြောက်များစွာထဲက မှတ်သားစရာ အကောင်းဆုံး ဂုဏ်တော်ဖြစ်တဲ့ ခယံ ဝိရာဂံ အမတံ ပဏီတံ ဂုဏ်တော်လေးပါးကို ရတနာသုတ္တ မှာ ကျူးရင့်ထားတာကို စေတနာရှေ့ထားပြီး နိဗ္ဗာန် ဂုဏ်တော် လေး ပါးကို အကြယ် ရှင်းပြပေးပါအုန်းမယ်။

၁။ ခယံ လို့ဆိုတဲ့ ခယ ဂုဏ်တော် ဟာဆို၇င် နိဗ္ဗာန ဓာတ်တရားမြတ်ကို သောတပတ္တိမင်္ဂဖြင့် မြင်လိုက်သည်နှင့်တစ်ပြိုင်ထဲ ရာဂစသော ကိလေသာအချို့သည် ၎င်း ထိုကီလေသာ ရှိသူတိုင်း၏ ရုပ် နံ တို့သည် ကုန်ခန်းကြရတော့၏ အထက် မဂ်သို့ တက်တိုင်း ကိလေသာအပူတွေ ကုန်ရပေသည် ထို့ကြောင့် သန္တိဖြစ်သော ကို နဗ္ဗာန် သည် ကိလေသာတို့၏ ၎င်း ရုပ်နာမ် တို့၏ ၎င်း ကုန်ခန်းရာဖြစ်ကြောင်း ခယ ဂုဏ်နှင့် ပြည့်စုံတော် မူပါပေ သည်။

၂။ ဝိရာဂံ ဟုဆိုသော ဝိရာဂ ဂုဏ်တော်မှာ တက်မက်ခြင်းဟုခေါ်သော ရာဂ တရားတို့သည် ရုပ် နာမ် အပေါ်တွင် ဖြစ်တပ်သောတရားများ တို့နှင့် လားလားမှ မအပ်စပ်တော့သည့် သဘောဖြစ်သော ရာဂ တရားတို့ မရှိတော့ခြင်း ဂုဏ်တော် နှင့်ပြည့်စုံသည့်အတွက် မရှိခြင်း ဝိ ပေါင်းထဲ့ပြိး ဝိရာဂ ဟုခေါ်သော ဂုဏ်တော် ဖြစ်ပေသည်။

၃။ အမတံ ဟု ခေါ်သော အမတ ဂုဏ်တော်သည် အိုခြင်း နာခြင်း သေခြင်း သဘောဖြင်သည့် ဇာတိ ဇရာ မရဏ တရားများ လုံးဝ ကင်းစင်ရာ အို နာ သေခြင်း များ မရှိရာ ဖြစ်ခြင်းကြောင့် အမတ ဂုဏ်တော် ဟု ခေါ်ဆိုအပ် သိအပ်ပေသည်

၎။ ပဏီတံ ဟုခေါ်သော ပဏိတ ဂုဏ်တာ် သည် ရဟန္တာပုဂ္ဂိုလ် များအတွက် (စား၍ မဝ နိုင်အောင် အရာသာ ရှိသကဲ့သို့ ) မကြာမကြာ အာရုံပြု၍ နေချင်လောက်အောင် အရာသာ ရှိသော တရားတော် ဖြစ်၏ ကျနော်တို့ ဗုဒ္ဓမြတ်စွာ ပင်လျှင် ( ဖလသမာပတ်ကို ဝင်စားကာ ) ထို နိဗ္ဗာန်ကို အာရုံပြှု ၍ မကြာမကြာ အာရုံပြုလေ့ ရှိ၏ နိဗ္ဗာန် သည် ရဟန္တာ ဖြစ်ပြီးသော သူတို့အတွက် ထပ်ခါထပ်ခါ ခံစားလိုရ လောက်အောင် ထူးခြားသော တရားထူးတရား မြတ်ဖြစ်သောကြောင့် ပဏီတံ ဂုဏ်နှင့်လည်း ပြည့်စုံပါပေသည်

အထက်ပါ အချက် လေး ချက်သည် နိဗ္ဗာန်၏ ထူးမြတ်သော ဂုဏ်တို့ ဖြစ်ပေသည်
အနတ္တ စင်္ကြာ ဝဋ္ဌာ မှတဆင့်တင်ပြပါသည်။