ဒိဋ္ဌိ (၃)မျိုး

ဒိဋ္ဌိ သည် သမ္မာ ဒိဋ္ဌိ နှင့် မိစ္ဆာ ဒိဋ္ဌိ ဟူ၍နှစ်မျိုးရှိသည်။
သမ္မာ=မှန်ကန်သော၊ ဒိဋ္ဌိ= အမြင်၊ မိစ္ဆာ=မှားယွင်းသော၊ ဒိဋ္ဌိ=အမြင် ဟူ၍ ဖွင့်ဆိုထားပါသည်။
မြတ်စွာဘုရားရှင်က မိစ္ဆာဒိဋ္ဌိ အမျိုးအစား (၆၂) ပါးရှိသည်ဟုဟောကြားခဲ့ပါသည်။ယင်း (၆၂)ပါးကိုအကျဉ်းချုံးလိုက်လျှင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ (၃)မျိုးရှိပါသည်။

၁။ သဿတဒိဋ္ဌိ =ခိုင်သည်မြဲသည်ဟု ယူဆသော ဒိဋ္ဌိ။

၂၊ ဥစ္ဆေဒဒိဋ္ဌိ = ပျက်စီးပြီးလျှင် လုံးဝ ပြတ်သည်ဟု ယူဆသော ဒိဋ္ဌိ။
၃။ သက္ကာယဒိဋ္ဌိ = အစစ်အမှန် ရှိသော သက္ကာယ (ခန္ဓာငါးပါး)အပေါ်၌ အစစ်အမှန်မရှိသော ပညတ်များတင်စား၍
ထင်မှားနေသော ဒိဋ္ဌိ။
မိုးကုတ်ဆရာတော်ဘုရားကြီးက- ဒါန၊သီလ၊သမထ၊၀ိပသနာ ကိုနောက်ထားပါဦး။ ´သူတို့အရင် ဒိဋ္ဌိခွာမှု ဒိဋ္ဌိဖြုတ်ကို ရှေ့ထားပါ၊ ဒိဋ္ဌိ တန်လန်းဖြင့် အားထုတ်နေလို့ကတော့ ဘယ်နည်းနှင့်မျှ မဂ်မရနိုင်ပါဘူး´ ဟူ၍ မိန့်တော်မူခဲ့ပါသည်။