စိတ်*****ရဲ့*****အဖေါ်
------------------------
စိတ်ဆိုတာလေးကို ပြောလိုက်တာနဲ့ တရားအားထုတ်ဘူး၊ နာယူဘူး တဲ့သူတွေက နာမ်တရား ဆိုတာလေးကိုသိကြမှာပါ၊ကျနော်တင်ပြ
ချင်တာက စိတ်ကလေးဟာ၊ သူဟာသူဘဲအမြဲ မနေပါဘူး နောက်ထပ် စိတ်မှာအဖေါ် တယောက်ရှိပါတယ် ကျနော်တို့သတိမထားမိကြလို့
ဖြစ်ပါလိမ့်မယ် တချို့ကလည်း စိတ်တခုထဲ အားလုံးအလုပ်တွေကို လုပ်နေတယ် လို့ထင်ကြတယ် ဒါကိုကွဲကွဲပြားပြားလေး သိစေချင်တဲ့
စေတနာနဲ့ သူတော်ကောင်းတို့ကို တင်ပြပေးလိုက်ပါတယ်...။

“စိတ်”လေးရဲ့အဖေါ်က “အာရုံ” လေးပါ၊စိတ်လေးကဘယ်သွားသွား၊ဘာလုပ်လုပ်
သူ့သူငယ်ချင်းကိုခေါ်သွားတယ်လေ သညာက္ခန္ဓာ ကမှတ်ထားသမျှ ကိုအာရုံလေးက စိတ်နဲ့ ဆုံတိုင်းဆုံတိုင်း “ဘူး”တွေ
နဲ့ပြန်ပြန်ဖေါ်ပေးတယ်လေ ဘာ“ဘူး“တွေလဲဆိုတော့ မြင်ဘူး၊ စားဘူး၊ ထိဘူး၊ သိဘူး၊ တဲ့ဘူးတွေပါဘဲချက်ခြင်းလက်ငင်း
လုပ်ရတဲ့ကိစ္စ တွေမှာတော့ စိတ် လေးကဘယ်သူ့ကိုမှ အဖေါ်မပြုဘူးဘယ်အဖေါ်ပြုမလဲ သူကသိပ်မြန်တယ်လေ ဒီတော့
သူကရှေ့ဆုံးကပေါ့ အဲအေးအေးဆေးဆေး တယောက်ထဲနားနေချိန် တရားထိုင်ချိန်တွေ ဆိုရင်တော့ “စိတ်”လေးကသူ့
အဖေါ်ဖြစ်တဲ့ “အာရုံ” ကိုခေါ်ပြီး ရောက်လာတော့တာဘဲ ဘာလဲမယုံဘူးလား ဒါဆိုမျက်စိကိုပိတ်ပြီး(၅)မိနစ်လောက်နေလိုက်
ရုပ်ရှင်ပြသလို ပေါ်လာလိမ့်မယ်ခုန ပြောတဲ့“ဘူး”တွေကတဆင့်ဖြစ်ခဲ့တာတွေ သညာက္ခန္ဓာ ကမှတ်သားသိမ်းဆည်းထားသမျှ
ကိုစိတ်ကတွေးပြီးအာရုံကပြန်ပြတော့တာဘဲ ဒါကိုသေချာမကွဲပြားရင် ရောထွေးပြီးစိတ်က အရမ်းမြန်တယ်တွေးလိုက်တာနဲ့
တွေးတဲ့နေရာကိုချက်ခြင်းရောက်တာဘဲလို့ ထင်ကြတယ် တကယ်တော့စိတ်ကတကယ်ရောက်တာမဟုတ်ပါဘူး မြင်ဘူးတဲ့
အာရုံကို စိတ်ကတွေးလိုက်တာပါ ၊ မယုံရင်လက်တွေ့လုပ်ကြည့်လေ ဥပမာ-မန္တလေးရောက်ဖူးရင် မဟာမြတ်မုနိဘုရားကြီး
ဖူးဘူးမှာပေါ့ ကဲခုရန်ကုန်မှာနေတဲ့လူက မဟာမြတ်မုနိဘုရားကြီးကို စိတ်ကညွှတ်လိုက်တာနဲ့ အာရုံမှာဘုရားကြီးပေါ်လာတော့တာပေါ့၊ ကဲဒီလိုဆို
မရောက်ဖူးတဲ့နေရားဒေသကိုစိတ်ကညွှတ်မယ်၊ စိတ်ကတကယ်သွားနိင်
လားဆိုတာကြည့်ရအောင် အမေရိကန်နိင်ငံက သမ္မတအိမ်ဖြုတော် အတွင်းမှာရှိတဲ့ ဘဲဥပုံအစည်းဝေးခန်းမ(ကျနော်လည်း
ကြားဖူးခြင်းသာဖြစ်သည်မရောက်ဖူးပါ) ကြီးအတွင်းမှာ စားပွဲတွေကဘယ်လို ပရိဘောဂပစ္စည်းဘယ်လိုထားတယ် ဘာပစ္စည်း
တွေရှိတယ် ဆိုတာစိတ်လေးနဲ့သွားကြည့်ပေးစမ်းပါ ရမလားလို့မရပါဘူး၊ သညာက္ခန္ဓာ ကဓါတ်ပုံရိုက်ထားသလို မှတ်ထားတဲ့
“ဘူး” တွေကို စိတ်ကညွှတ်လိုက်ရင် အာရုံမှာ လာပေါ်တာပါစိတ်က ကိုယ်ထဲကဘယ်မှ ထွက်မသွားပါဘူး၊ စိတ်ကိုယ်ထဲက
ထွက်သွားတဲ့ အချိန်ရှိပါတယ် ဒီအချိန်ကိုဆရာတော် ဥူးသုမင်္ဂလ ကလည်း ဒီလိုဟောထားပါတယ်“စိတ်ဆိုတာဘယ်တော့မှ
ကိုယ်ထဲကမထွက်ဘူး အဲ စိတ်ကိုယ်ထဲကထွက်သွားရင်တော့ အသက်မရှိတော့ဘူး ” ဒါကြောင့် “စိတ်”နဲ့“အာရုံ” ကိုခွဲခြားသိဖို့
အထူးလိုအပ်ပါတယ် စိတ်ဆိုတာလည်း လူဖြစ်ချိန်မှ သေဆုံးချိန်ထိ စိတ်သုံးခုနဲ့ ဘဲ စ လည် ဆုံး သွားကြတာပါ ဒီစိတ်တွေက
ဘာလည်း ဆိုတော့ “ဇာတိစိတ်” “ဘ၀င်စိတ်” စုတိစိတ်” သုံးခုပါဘဲ ကျနော်တို့ သူတော်ကောင်း တို့ကို လောကဓံ တရားတွေနဲ့
နေညမပြတ် တိုက်ခတ် နေတာလဲ ဒီအာရုံတွေပါဘဲ စိတ်နဲ့အာရုံပေါင်းပြီး ပုထုဇဉ်တွေကို ဘယ်လောက်မျက်လှည့်ပြ လဲဆိုတာလေး
နဲနဲပြောပြပါအုန်းမယ် အာရုံကြောင့် နာမ်ရုပ်ပေါ်တာလေး အရင်ပြောပါ့မယ် သူတော်ကောင်းတို့ ချစ်သူ ခင်သူ ဆွေမျိုးညာတိ အဖိုး
အဖွား၊ မိဘ တွေသေဆုံးတာတို့ ခွဲခွာရတာတို့ ကြုံဖူးကြမှာပါ ဒီအခါ ၀မ်းနည်းပူဆွေးပြီး တချို့ဆိုလျှင်ငိုကြွေး ယူကြုံးမရ ဖြစ်ဖူး
သူတွေရှိမှာပါ ဒီလိုဖြစ်ခဲ့တာ ဘယ်လောက်ကြာကြာ ဒီအဖြစ်ကိုအာရုံမှာစိတ်ကပြန်တွေးတိုင်း ၀မ်းနည်းမျက်ရည်ကျရပါတယ်
ဒါစိတ်က ပြန်တွေးတာကို (အာရုံ)ကရုပ်လုံး ဖေါ်တဲ့အတွက် အဲ့ဒီတုန်းကခံစားရတဲ့ စိတ်(နာမ်) ခံစားချက်အတိုင်းခံစားပြီး
မျက်ရည်(ရုပ်)တို့ကျလာ ရတာပေါ့ တချို့လည်း မိန်းခလေးများ ငယ်စဉ်က ရည်းစားစကားပြောခံရတုန်း ကရှက်သွားတဲ့ ခံစားချက်
လေးကို အိမ်ထောင်သည်ဘ၀ ရောက်မှပြန်တွေးတဲ့ အခါတိုင်းပြန်ရှက် တာ(အာရုံ) နဲ့( နာမ်+ရုပ်)တို့ရဲ့ လှည့်စားမှုတွေပါဘဲ
ဒါကြောင့် တရားအားထုတ်မယ့် သူတော်ကောင်းတို့ အနေနဲ့ “စိတ်”နဲ့ “အာရုံ” ကိုကွဲပြားစွာသိနိင်ရန် မေတ္တာဖြင့်တင်ပြပေးလိုက်
ပါတယ်...။(လိုအပ်တာရှိရင်လည်ကျနော်ကမူကြိုအဆင့်မို့ခွင့်လွှတ်ပြီးညွှန်ကြားပို့ချနိင်ပါတယ်)(၀ိဇ္ဇာစရဏသမ္ပတော)
ကျန်းမာ၊ ထီပေါက်၊ နိဗ္ဗာန်ရောက်နိင်တဲ့ သူတော်ကောင်းတွေဖြစ်ကြပါစေ...။

မူကြိုဆရာ